ကောင်းသောနေ့လေးပါနော်...

ကောင်းသောနေ့လေးပါနော်...

Sunday, December 27, 2009

ပြောဖို့ ခက်ပါတယ်

တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒါ အနောက်တိုင်း ပုံပြင်တွေရဲ့ ပြောရိုးပြောစဉ် နိဒါန်းပါ။ ကျနော်တို့ မြန်မာပုံပြင်မှာကျ ဒီလို မဟုတ်ပြန်ဘူး။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။ တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။
"မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။ တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။ သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့ စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့ သေပြီလေ။ ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့ လျှောက်တင်လိုက်တယ်။ ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ? ဒီလိုလေ.. အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့ မုချမသွေပါပဲ။
-------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။ 
ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။
အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။ လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

Monday, December 21, 2009

ဗုဒ္ဓနှင့် အာဠ၀ကဘီလူး အမေးအဖြေ

အာဠ၀ကဘီးလူးသည် သူ၏ဗိမာန်သို့ရောက်လာသော ရဟန်း၊ ရသေ့၊ ပရဗိုဇ် တို့အား ခက်ခဲသော မေးခွန်းများနှင့် ရူးသွပ်အောင်ပြုပြီး ညှင်းပန်းနှိပ်စက်၏။ အာဠ၀ကသည် ဤသို့အကြံရလျှက် ဗုဒ္ဓကို ၀မ်းသာအားရ ရင်ဆိုင်လိုက်၏။ ဗုဒ္ဓက “အသင် အာဠ၀က သင်ပြောလိုရာကို ပြောတော့” ဟု မိန့်၏။

အာဠ၀ကအမေး။   ။ ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာသည် အဘယ်နည်း။

ဗုဒ္ဓအဖြေ။    ။ ဤလောက၌ ယောက်ျား၏ မြတ်သောဥစ္စာကား ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဟု ဆိုအပ်သော သဒ္ဓါတရားဖြစ်သည်။

အာဠ၀ကအမေး။   ။ ချမ်းသာသုခကို ရရှိရန် အဘယ်တရားကို ကောင်းစွာ လေ့ကျက်ရမည်နည်း။

ဗုဒ္ဓအဖြေ။    ။ ချမ်းသာသုခရရှိရန် သုစရိုက်ဆယ်ပါး ကုသိုလ်တရားကို လေ့ကျင့် အားထုတ်ရမည်။

အာဠ၀ကအမေး။   ။ အရသာရှိသော သဘောတရားတို့တွင် အဘယ်အရသာသည် အမြတ်ဆုံးနည်း။

ဗုဒ္ဓအဖြေ။    ။ အရသာရှိသော သဘောတရားတို့တွင်  မှန်သောစကားကို ပြောဆိုခြင်း ဟုဆိုအပ်သော သစ္စာတရားသည် အမြတ်ဆုံး၊ အရသာအရှိဆုံး ဖြစ်သည်။

အာဠ၀ကအမေး။   ။ အသက်မွေးဝမ်းကျောင်းမှုတို့တွင် အဘယ်မည်သော အသက် မွေးဝမ်းကျောင်းမှုသည် အမြတ်ဆုံးနည်း။

ဗုဒ္ဓအဖြေ။    ။ အသက်မွေးဝမ်းကျောင်းမှုတို့တွင် ပညာနှင့် အသက်မွေးဝမ်းကျောင်းမှုသည် အမြတ်ဆုံးဖြစ်၏။

အာဠ၀ကအမေး။   ။ ဆင်းရဲဒုက္ခကို အဘယ်တရားနှင့် လွတ်မြောက်နိုင်သနည်း။

ဗုဒ္ဓအဖြေ။    ။ ဆင်းရဲဒုက္ခကို လုံ့လဟု ဆိုအပ်သော ၀ီရိယတရားနှင့် လွတ်မြောက်နိုင်၏။

အာဠ၀ကအမေး။   ။ အဘယ်သို့သော အကြောင်းကြောင့် တမလွန်ဘ၀၌ မစိုးရိမ်ရသနည်း။

ဗုဒ္ဓအဖြေ။    ။ အာဠ၀က သစ္စာ- မှန်သောစကားပြောခြင်း၊ ဓမ္မ- လောကီ၊ လောကုတ္တရာပညာ၊ စာတိ- ထကြွလုံ့လ ၀ီရိယရှိခြင်း၊ စာဂ- ပေးကမ်းစွန့်ကြဲခြင်းဟု ဆိုအပ်သော တရားလေးမျိုးနှင့် ပြည့်စုံခြင်းကြောင့် ပြည့်စုံသူသည် တမလွန်ဘ၀ကို စိုးရိမ်ခြင်း မရှိပေ။

ဗုဒ္ဓက ဤသို့ဖြေဆိုလိုက်ရာ အာဠ၀ကလည်း ကျေနပ်နှစ်သိမ့် သွားကာ သောတာပန်ပီပီ ကြည်ညိုစိတ်ထားနှင့် မြတ်စွာဘုရားအား ချီးကျူးထောပနာပြုလျက်၊ မိမိအတွက် သက်သက်ရောက်လာသော ဗုဒ္ဓအား ၀မ်းမြောက်ဝမ်းသာ လျှောက်ထားပြောဆိုလေသတည်း။     ။

Friday, December 18, 2009

ကွာသုံးကွာ၊ ပါသုံးပါ၊ ချာသုံးချာ

အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့် အချက်က ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ်  ယောက်ျားလေးက ပဲဖြစ်ဖြစ် မိမိနှင့် လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှ ရှောင်ကြဉ်ရန် ပြဆိုထားပါတယ်။

ကွာသုံးကွာ
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် 
(၂) အယူဘာသာကွာလျှင် 
(၃) စိတ်ဓာတ်ချင်းကွာလျှင် တို့ပဲဖြစ်ပါတယ်။
တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကို ယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ ၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။

ပါသုံးပါ 
(၁)အနာရောဂါပါလာလျှင်
(၂)အကြွေးပါလာလျှင်
(၃)အပိုစားမည့်(လူပိုတွေ) ပါလာလျှင် တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲ နာတာရှည်မျိုးကို ဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘ၀ အညွှန့်လူဖို့ အတော်ခဲယဉ်း သွားပါပြီ။ အပိုစားမည့်သူ ပါလာလျှင် ကျွေးနိုင်သည်ပဲ ထားဦး စကားပိုလာသည့်အတွက် ရှင်းရတဲ့ ပြဿနာနဲ့ ကြုံတွေ့နိုင်ပါတယ်။

ချာသုံးချာ
(၁)ပညာရေးချာလျှင် 
(၂)စီးပွားရေးချာလျှင် 
(၃)လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။
ပညာဆိုရာမှာ အတန်းပညာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင့်မားစေတာမို့ ပညာတတ် တယောက်ဖြစ်ဖို့ လိုပါတယ်။ ပညာဆိုရာတွင် အဆင့်ဆင့်မခွဲပဲ အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဥာဏ် ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။ စီးပွားရေးဟာလည်း ပညာရေးနှင့် ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာလျှင် ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။ ပညာမတတ်ပဲ ချမ်းသာနေသူတွေကို တွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်ပါဘူး။ လူမှုရေးချာလျှင် ပညာနှင့် အသက်မွေးဝမ်းကျောင်း မပြုပဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာက လွဲပြီး အသိဥာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား ခေါင်းပါးတတ်ပါတယ်။

အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့် မိမိစိတ် အလိုလိုက်လို့ဖြစ်စေ၊ မလွဲမရှောင်သာလို့ ဖြစ်စေ၊ တဇွတ်ထိုး လုပ်လိုစိတ်ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့် တစ်သက်လုံး ရင်ဆိုင်ရပါလိမ့်မယ်။ အိမ်ထောင်သည် ဘ၀ရောက်ပြီးမှ အမှားကို ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွား မှာဖြစ်ပါတယ်။ အိမ်ထောင်သည် ဘ၀ဟာ တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကိုပြန် အမှတ်ရရင်း မှတ်မိသလောက်ပြောပြခြင်းပါ။

ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊ ခံစားတာတွေလို့ အဓိက ထင်တာပါ၊ အခု အသက်လေးရလာတော့ လူမှုဘ၀ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ဘ၀ တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့ မိန်းကလေး တစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မပူချင်လို့ ယောက်မရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ အောင်ဘာလေထီ ထိုးတဲ့ သူတွေလိုပါပဲ။ ကျပ်သိန်း ၁၀၀၀ဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေ ရွေးတာပဲ၊ ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ...ထိုးပြီးရင်လည်း စိတ်ကူးယဉ်ရတာပဲ။ ဘယ်လိုသုံးစွဲမယ်၊ လှူမယ် စသည်ဖြင့်ပေါ့။ ထီဖွင့်တဲ့အခါ မှာလည်း သိန်း ၁၀၀၀ဆုမှန်းပြီး ပထမကြည့်တယ်။ နောက်သိန်း ၁၀၀ နောက် ၅၀ စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင် တောင်မဆိုးပါ ဘူးပေါ့။ တွက်ကိန်းတွေနဲ့ တိုက်လာလိုက်တာ. ထီစာရင်း လည်းကုန်သွားရော ဘာမှ မပါတော့ သွားပြန်တော့ ဒီတစ်ခါဆိုသလို ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ်...မပြောနိုင်ပါဘူး။ ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့ အခါလည်း ထီဆုကြီးမှန်းသလို အားလုံးတော့ အကောင်းမြင် ၀ါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေသွားမှာပါ။ စိတ်ကူးကြီင်္းတွေနဲ့ပေါ့။ ဗလာမဲနဲ့ လည်းတိုးနိုင်ပါတယ်။

ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်း ဆိုတာကလည်း ကုသိုလ် နှင့်လည်း ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေပါ။ မိမိတို့ အတိတ်ဘ၀များက ပြုခဲ့သည်ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘ၀ကံ မမြင်ရ၍ မသိစေဦးတော့ ယခု မျက်မှောက်ဘ၀၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင် လုပ်ပါက ကောင်းကျိုး ပြန်ရနိုင်ပါတယ်။ အိမ်ထောင်ရေး သည် ထီထိုးခြင်းလို့ ယူဆပါက အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်း စသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း ၁၀၀၀ဆုကြီး မပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။

ကာတွန်း


 
 
 
 
 
 
 
 
 
 
 
 
 
 
 

အမေ မသိသေးသော အကြောင်းများ

မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်က နောက်တစ်ယောက်ကို ပြောနေတာ။

‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားကလည်း နိုင်ငံခြားမှာပဲ။ သမီးကတော့ အဲဒီမှာပဲ ကျောင်းတက်နေလေရဲ့’
‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
‘အဟင်း ကျွန်မက ကြွားချင်လို့ နေခဲ့တာလေ’ တဲ့။

အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေ မသိသေးတာ တွေ အများကြီး ရှိပါသေးတယ်။

‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေ တအားကောင်းတာတဲ့။ တစ်မြို့လုံးလည်း သန့်ရှင်း နေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’

အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေ ပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိုင့်ခွက်မရှိတာ ကို တအားကောင်းတယ်လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော တအားကောင်း နေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန် နေတာကရော အထူး အဆန်းလားပဲလား။ ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်း နေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့် နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။ နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။

သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့နဲ့ တစ်သားထဲကျနေပြီ။ အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွားပြီ အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက် လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပိုသဘောကျနေတဲ့ သူဆိုတာ အမေမသိပါဘူးလေ။

တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံး တန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည် ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုက လွဲလို့ ဘယ်နေရာမှ တကယ် Globalize မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။ အသေးစိတ်တွေ ပြောပြနေရင် အမေ စိတ်မကောင်းဖြစ်နေမှာ။

တစ်ခါတစ်လေ ကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။ အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့ အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့ ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့ လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။ ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။ မြက်တွေက ခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။ အမေ မသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။ အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော် မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာ တစ်ယောက် ပြောဖူးသလိုပေါ့။

‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ် ရှိမှာလဲ’ တဲ့။

ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့ မဖြစ်ချင်ဘူးအမေရေ။

ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့ မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ ကြွားလိုက်စမ်းပါ။

အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာ မှာပါအမေ။ ဘာအခြေအနေလဲ လို့တော့ မမေးပါနဲ့ အမေ။ အခြေအနေ တစ်ခုပေါ့။…....

Sunday, December 13, 2009

ကိုယ်ဘယ်လိုလူမျိုးလဲ?

သူငယ်ချင်းတို့  ဒီမေးခွန်းလေးတွေ ဖြေကြည့်လိုက်နော်။ မေးခွန်းတွေကို ကြိုတော့ မကြည့်ရဘူးနော်။ ကိုယ်ရွေးလိုက်တဲ့ အဖြေရဲ့ ဘေးက ရေးထားတဲ့ နံပါတ်တွေအတိုင်း ဆက်ဖြေသွားရုံပါ။ မေးခွန်းတိုင်း ဖြေဖို့ မလိုပါဘူး
၁။ သွားချင်တဲ့ နေရာတစ်ခုရွေးပါ။
(A) ပေကျင်း - မေးခွန်းနံပါတ် ၂ ကိုဖြေပါ
(B) တိုကျို - မေးခွန်းနံပါတ် ၃ ကိုဖြေပါ
(C) ပဲရစ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ

၂။ စိတ်ထိခိုက်စရာ ကောင်းတဲ့ရုပ်ရှင်တွေ ကြည့်တဲ့အခါ ငိုတတ်သလား?
(A) ငိုတတ်တယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) မငိုတတ်ဘူး - မေးခွန်းနံပါတ် ၃ ကိုဖြေပါ

၃။ သင်ဟာချစ်သူနဲ့ ချိန်းထားတယ်၊ ပြောထားတဲ့အချိန်ထက် တစ်နာရီလောက် နောက်ကျနေတာတောင် သူက ရောက်မလာသေးဘူး၊ ဒါဆိုသင်ဘာလုပ်မလဲ?
(A) နောက်ထပ် နာရီဝက်တော့ ထပ်စောင့်လိုက်မယ် - မေးခွန်းနံပါတ် ၄ ကိုဖြေပါ
(B) ချက်ချင်းပဲပြန်တော့မယ် - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(C) လာတဲ့အထိ စောင့်မှာပေါ့ - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၎။ တစ်ယောက်ထဲ ရုပ်ရှင်သွားကြည့်တတ်လား?
(A) အင်း - မေးခွန်းနံပါတ် ၅ ကိုဖြေပါ
(B) ဟင့်အင်း - မေးခွန်းနံပါတ် ၆ ကိုဖြေပါ

၅။ ပထမဆုံး ချိန်းတွေ့ချိန်မှာ သူကသူ့ကို နမ်းဖို့ တောင်းဆိုလာရင် ဘာလုပ်မလဲ?
(A) မနမ်းပါဘူး - မေးခွန်းနံပါတ် ၆ ကိုဖြေပါ
(B) သူ့ လက်ခုံကို ဖွဖွလေးနမ်းမယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(C) ကိုယ့်ချစ်သူပဲ၊ နမ်းမှာပေါ့ - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၆။ သင်က ဟာသဥာဏ် ရွှင်တဲ့သူလား
(A) ဟုတ်တယ် - မေးခွန်းနံပါတ် ၇ ကိုဖြေပါ
(B) မဟုတ်ဘူး - မေးခွန်းနံပါတ် ၈ ကိုဖြေပါ

၇။ သင်ဟာ ဘယ်အရာမဆို ဦးဆောင်နိုင်စွမ်းရှိသူလား
(A) ထင်ပါတယ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မဟုတ်ပါဘူး - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ

၈။ တကယ်လို့ သင့်မှာ ရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူအဖြစ် မွေးဖွားလာခဲ့ချင်သလဲ
(A) ယောင်္ကျားအဖြစ် - မေးခွန်းနံပါတ် ၉ ကိုဖြေပါ
(B) မိန်းမအဖြစ် - မေးခွန်းနံပါတ် ၁၀ ကိုဖြေပါ
(C) ဘာဖြစ်ဖြစ်ပါ - TYPE D ( အဖြေတစ်ခါတည်းကြည့်လို့ ရပါပြီ )

၉။ တစ်ပြိုင်တည်းမှာ ချစ်သူတစ်ယောက်ထက် ပိုထားဖူးသလား။
(A) ထားဖူးတယ် - TYPE B ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထားဖူးပါ - TYPE A ( အောက်မှအဖြေကိုကြည့်ပါ )

၁၀။ သင်ဟာ လိမ္မာပါးနပ်သူလို့  ထင်ပါသလား။
(A) ထင်ပါတယ် - TYPE D ( အောက်မှအဖြေကိုကြည့်ပါ )
(B) မထင်ပါဘူး - TYPE C ( အောက်မှအဖြေကိုကြည့်ပါ )

အဖြေ
TYPE A: Congratulations!
သင်ဟာ တစ်ဖက်သားအပေါ် အရမ်းကို ဆွဲဆောင်မှုရှိပါတယ်၊ ချစ်သူရဲ့ မျက်လုံးထဲမှာ သင်ဟာ ချစ်စဖွယ်အလှကို ပိုင်ဆိုင်ထားသူ အဖြစ်ရှိနေမှာပါ။ သင်ဟာ ချောမောလှပရုံတင်မက ဟာသဥာဏ်ရှိသူ၊ ကိုယ်ရည်ကိုယ်သွေး ရှိသူဖြစ်ပါတယ်။ ပညာတတ် ပုဂ္ဂိုလ်ဖြစ်ပြီး လူတွေကို ဘယ်လို ပေါင်းသင်းရမယ်၊ အချိန်ကို ဘယ်လိုခွဲဝေ အသုံးချရမယ် ဆိုတာ ကောင်းကောင်းသိသူပါ။ ဒါကြောင့် သင်ဟာ လူတွေကြားမှာ အမြဲတမ်း ထင်ပေါ်နေမှာပါ။

TYPE B: Quite good!
သင်ဟာ ဆန့်ကျင်ဘက်အပေါ် အလွယ်တကူတော့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သင့်အပေါ် လွယ်လွယ်ကူကူ ချစ်မိသွားဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။ သင့်ရဲ့  ဟာသဥာဏ်က လူတွေကို ပျော်ရွှင်မှုရစေမှာပါ။ သင့်ချစ်သူကလဲ သင်နဲ့ အတူရှိရတာ ပျော်နေပါလိမ့်မယ်။

TYPE C: Not bad!
သင်ဟာ ဆန့် ကျင်ဘက် လူအပေါ် အလွယ်တကူ မဆွဲဆောင်နိုင် ပါဘူးတဲ့။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာ သင်ရှိနေတာ ကောင်းတယ်လို့ ထင်ရလောက်အောင် သင့်မှာ ကောင်းကွက်လေးတွေတော့ ရှိပါသေးတယ်။ သင်ဟာ ရိုးသားဖြူစင်ဖို့တော့ လိုပါလိမ့်မယ်။ ပြီးတော့ အမြင်မှန်ဖို့လဲ လိုမှာပါ။ သူငယ်ချင်းတွေကတော့ သင်ဟာ ခင်မင်စရာ ကောင်းတယ်လို့  ထင်ကြမှာပါ။

TYPE D: Oh!
သင်ဟာ တစ်ဖက်သားအပေါ်မှာ လုံးဝကို ဆွဲဆောင်မှု မရှိပါဘူးတဲ့။ သင်ဟာ ဗဟုသုတလဲ သိပ်မကြွယ်ဝသူပါ။ ကိုယ်ပိုင် အရည်အချင်းလဲ သိပ်မရှိပါဘူး။ ချစ်သူအပေါ်မှာလဲ ရိုင်းပျစော်ကားတာမျိုး မလုပ်သင့်ပါဘူး။ ပြီးတော့ သင်ဟာဆန့်ကျင်ဘက် တွေကြားမှာ သိပ်ပြီး မထင်ပေါ်သူပါ။

တွေးတွေးပြီးရယ် ၈

-ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "...
ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"
...ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"...
 
ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။
ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ 'ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ'
ဒုတိယလူက ထောက်ခံပြောသည်။
"ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး 'လူစွမ်းကောင်း သုံးယောက်' စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ"
တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။
"ဟေ့လူ… ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား"
"ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ "အလီဘာဘာနဲ့ ခိုးသားလေးဆယ်"ကို ဖတ်ထားတယ်ဗျာ"
- မန်ချက်သက်တော်ရှည်မန်နေဂျာကြီး ဖာဂူဆန်တစ်ယောက် ခရီးသွားကုမ္ပဏီတစ်ခုကို ဖုန်းလှမ်းဆက်တယ်
“ကျွန်တော်လေယာဉ်နဲ့ မြန်မာနိုင်ငံကို သွားမလို့ပါ။ လေယာဉ်ဘယ်လောက်ကြာစီးရမလဲ?”
ကုမ္ပဏီဝန်ထမ်းက လေယာဉ်ခရီးစဉ်ဇယားမှာ စစ်ဆေးဖို့ ခဏစောင့်ပါ Just a second Mr.လို့ ပြောလိုက်တယ်။ ဒါကို ဖာဂီကြီးက ၀မ်းသာအားရ ကျေးဇူးပဲလို့ပြောပြီး ဖုန်းချသွားခဲ့တယ်။...
- ဖာဂူဆန်ကြီး မြန်မာနိုင်ငံကို အလည်အပတ်သွားခဲ့တယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းဖို့စီစဉ်ခဲ့တယ်။ အားလုံးစီစဉ်ပြီး ဟိုတယ်ဝန်ထမ်းက တည်းခိုမယ့်အခန်းကို လိုက်ပြခဲ့တယ်။ အဲဒီမှာ ဖာဂူဆန် ဒေါသတကြီး အော်ဟစ်တော့တယ်။
“ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုအခန်းကျဉ်းထဲမှာ တည်းခိုင်းရတာလဲ? အင်္ဂလန်က လာတယ်ဆိုပြီး အထင်သေးနေတာလား?”
“ဟာ.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်အထင်မသေးပါဘူး။ ဒါ ဓာတ်လှေကားပါ”
ဟိုတယ်ဝန်ထမ်းက အမြန်ရှင်းပြရရှာတယ်။

ဒါလေးတောင်မသိဘူးလားဖာဒီနန် အိမ်တွင်မီးလောင်နေရာ မီးသတ်ဌာနသို့ဖုန်းဆက်အကြောင်းကြားသည်။
မီးသတ်ရဲဘော်.... ဘယ်မှာမီးလောင်တာလဲ
ဖာဒီနန်ူ.... ကျွန်တော့်အိမ်မှာပါ
မီးသတ်ရဲဘော်...... ဘယ်နေရာမှာလဲလို့ မေးတာ
ဖာဒီနန်ူ.... မီးဖိုဆောင်မှာပါ
မီးသတ်ရဲဘော်.... အဲဒီနေရာကို ဘယ်လိုလာရမလဲလို့ မေးတာ
ဖာဒီနန် ..... ဟာ... ခင်ဗျားတို့ဆီမှာ မီးသတ်ကားရှိနေတာပဲ...

Thursday, December 10, 2009

The World without Engineers

Aeronautical Engineers 

Electronics Engineers

Mechanical Engineers

Civil Engineers

Communication Engineers



Computer Engineers

Tuesday, December 8, 2009

အချိန်လေးနည်းနည်းပေးပါ

အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အမျိုးသမီး တစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူ ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။ သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။
ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘ၀ကို ဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီ ဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့ အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို အကြောင်းထူးရှိတဲ့ တခါတရံက လွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။
အဲဒီညကတော့ အမေ့ကို ဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီး ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။
"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"
အမေဟာ ညည့်နက်မှ ဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင် သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ ၀င်တတ်တဲ့သူပါ။
"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေး တွေ့ပြီး စကားလေး ဘာလေး ပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"
အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့ ပြန်ပြောပါတယ်။
အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို ရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှား ပျော်ရွှင်နေတာ တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။ ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့ နောက်ဆုံးအကြိမ် မင်္ဂလာ နှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။ အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီး တစ်ယောက်ရဲ့ ကိုယ်ရောင် ကိုယ်ဝါလိုပဲ လင်းလက် တောက်ပနေပါတယ်။
"အမေ့ သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့ လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကို အထင်ကြီး နေကြတယ်။ သားနဲ့ ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကို ပြန်ပြောပြရဦးမယ်။ သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။
ဆိုင်အကောင်းစားကြီး မဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့ သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့် လက်မောင်းကို ကိုင်ထားပါတယ်။ စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက် စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။ အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်း တန်းလန်းနဲ့ မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီး စိုက်ကြည့်နေတဲ့ အမေ့ကို တွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...
"သားငယ်ငယ်လေး တုန်းကတော့ အစားအသောက် စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။
ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန် ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာ သွားသလဲဆိုရင် ရုပ်ရှင်တောင် လွတ်သွားတဲ့အထိပါပဲ။ အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ အပြင်ထွက်စားကြ ဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..." လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့ အပြုံးနဲ့ မေးပါတယ်။
"အရမ်းပျော်ဖို့ ကောင်းတယ်။ ကိုယ်မျှော်လင့် ထားတာထက်တောင် အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။
ရက်အနည်းငယ် အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါ ခံစားရပြီး အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော် ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာ အမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။ ဖြတ်ပိုင်းမိတ္တူနဲ့ အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။
"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိ နေနိုင်ပါ့မလားဆိုတာတော့ သိပ်မသေချာဘူး...  ဘာပဲဖြစ်ဖြစ် အမေ လူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့ အမေ့ချွေးမ အတွက်ပါ... သားနဲ့ညစာ ထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက် အဓိပ္ပါယ်ရှိတယ်ဆိုတာ သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...  သားကို အမေသိပ်ချစ်တယ်..."
အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့
ပျော်ရွှင်စရာ အချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည် လိုက်ပါတယ်။ ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။

တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလို မိဝေးဖဝေးနဲ့ တနယ်တကျေး ရောက်နေတဲ့ အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာ အတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်း မိဘနဲ့ အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံး လုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာ တစ်ယောက်ထဲ နေတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တမော ပြန်လိုချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်း လူတွေအကြောင်း ပိုသိလာတဲ့ အခါကျမှ နောက်ဆုံး ကိုယ့်ဘက်မှာ အမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီး နားလည်လာမိပါတယ်။ မိဘနဲ့ အတူနေနေဆဲ ဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း အလုပ်တွေ ရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

Saturday, December 5, 2009

ဖတ်ပြီးပြုံး ရုံလေးပြုံး လိုက်ပါ

ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ “နိုင်ငံရေးဆိုတာ ဘာလဲတဲ့ " မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသား သဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။ သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။ ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က သားကို ပြုစု စောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊ သားရဲ့ ညီလေးကို ကြတော့ အနာဂတ် လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည် ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့ တခါးဖွင့်ဝင်ကြည့်ရာ မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။ ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကို လှုပ်နိုးသော်လည်း မနိုးသဖြင့် အိမ်ဖော်မလေးရဲ့ အခန်းကို ၀င်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက် အိပ်နေသော ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော် သူငယ်ချင်း စာသင်သားတွေကို ပြောပြလိုက်တာက…။
" အလုပ်သမား လူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေတာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော် နေတာပဲ "

Friday, December 4, 2009

သူတို့ပြောတဲ့ အချစ်

(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။ ............Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့ တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။..S. Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့ တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲ သွားတာကို သူတို့ သတိပြုမိကြလိမ့်မယ်။.....Paul Jiruidi

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင် လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ ပြောတယ်။ သူတို့ တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ ကျတော့ အသံတိတ်နေ တတ်တယ်။ ......George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့ လောင်းကစားလုပ်တာပဲ။ ....W. Somerset Maugham

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။ Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။ Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။ ........Shakespeare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။ Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ် လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင် နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။. .........Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။ အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။ ......Shakespeare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။ အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။.....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့ တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။ Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.....History Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာ မရှိရင် ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာ ဆိုတာလဲ ရှိမှာမဟုတ်ဘူး။ Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့ လူလောက် ယုတ်မာတာ မရှိဘူး။ အချစ်တခုတည်း အတွက်နဲ့ လက်ထပ်တဲ့ လူလောက် မိုက်မဲတာ မရှိဘူး။ Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေး ဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ ရှိရမယ်။ တယောက် လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး အတွက် အလှဆုံးနဲ့ အရေးပါဆုံး ဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ ထက်စာရင် ကောင်းသေးတယ်။ Alfred Tennyson

(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့ တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင် ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီး တစ်လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ်ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေး တစ်ပုဒ်ဖြစ်တယ်။

တွေးတွေးပြီးရယ် ၇

ခံနေလို့ဖြစ်မလား
ရုပ်ရှင်ရုံအ၀င်ဝမှာ အမျိုးသမီးကြီး တစ်ဦးက လက်မှတ်စစ်ကို ရိုက်လိုက်လို့...
ဘာဖြစ်လို့ရိုက်ရတာလဲ?
မိုက်ရိုင်းလို့ပါ.. ကျွန်မ၀ယ်လာတဲ့ လက်မှတ်ကို ယူပြီး ဆွဲဆုတ် ပစ်တယ်လေ..။ ။

အထင်နဲ့အမြင်
ဒေါက်တာ ကျွန်တော့်ဒဏ်ရာကို မချုပ်သေးဘဲနဲ့ ဘာဖြစ်လို့ အချွန်နဲ့ ထိုးကလိ နေရတာလဲ..
နည်းနည်းတော့ သည်းခံရမှာပေါ့.. အထဲရောက်နေတဲ့ ကျည်ဆံ ထိပ်ဖူးကို ထုတ်ပစ်မှ ဖြစ်မှာမို့ပါ
ဟင်း... စောစောက ပြောရောပေါ့ ဒေါက်တာရယ် ကျည်ဆံက ကျွန်တော့် အိတ်ကပ်ထဲမှာဗျ..

အိပ်တော့အိပ်ပါတယ်
ဆရာဝန်။ ။ ဘယ့်နှယ့်လဲ ကျွန်တော်ညွှန်ကြားတဲ့ အတိုင်း အိပ်တဲ့အခါ ပြတင်းပေါက် တွေကို ပိတ်ပြီး အိပ်ရဲ့လား..
လူနာ။ ။အိပ်ပါတယ် ဆရာ.. ဒါပေမယ့် ရုံးသူရုံးသားတွေ အားလုံးက အိုက်လို့ မှောင်လို့ ဆိုပြီး ကျွန်တော့်ကို ပူညံပူညံ ပြောကြတယ်..

သူ့လက်ရာ
ဒီနေ့ ကျွန်မချက်ကျွေးတဲ့ ဟင်းက ဘယ်လိုနေလဲ?
ကောင်းတယ် မိန်းမရာ ချိုပြီး ဆိမ့်နေတာပဲ...
မဟုတ်သေးပါဘူးတော် ချက်နည်းပြုတ်နည်း စာအုပ်ထဲမှာ ချဉ်စပ်လို့ ရေးထားတယ်ရှင့်...

ဒီနေ့ပို့မယ့်နေရာ...
လူတစ်ယောက်က ခြင်္သေ့တစ်ကောင်နဲ့ အတူမြို့ထဲမှာ လမ်းလျှောက်လာတာကို ရဲသားက မြင်တော့
'''ဟေးး.. ခင်ဗျား အဲ့ဒီခြင်္သေ့ကို တိရစ္ဆာန်ရုံ သွားပို့သင့်တယ်…'''
''ဟုတ်ကဲ့''
နောက်ရက်မှာလည်း အဲ့လူကို မြို့လယ်ခေါင်မှာ ခြင်္သေ့နဲ့ အတူတွေ့ပြန်ရော…
ဒီတော့ ရဲသားက
'''ဟေးလူ ခင်ဗျားကို ကျုပ်မနေ့က ပြောတယ်လေ.. အဲ့ဒီခြင်္သေ့ကို တိရစ္ဆာန်ရုံ သွားပို့ဖို့'''
''ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ ရုပ်ရှင်ရုံ လိုက်ပို့မယ် စိတ်ကူးမိလို့…''

ပလုံဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့ စားပွဲထိုင်ပြီး ကြပြီဆိုတာနဲ့ ဘာစကားမှ မပြောရဘူး..
တစ်ရက်မှာ ညစာစားဖို့ စားပွဲထိုင် နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့ သားကြီး ရောက်လာတယ်.. ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူး ဆိုတာ မသိဘူးလား.. ဟိုဘက်မှာ ထိုင်ပါ..''
'''ဟို.. ကျွန်တော်..'''
''ပြောစရာရှိရင် စားပြီးမှ ပြောလို့ ပြောထားတယ်လေ..''
ဒီလိုနဲ့ ထမင်းစား ပြီးကြတော့
''ကဲပြော ဘာလဲ''
'''ညီမလေး ရေတွင်းထဲ ကျသွားလို့…'''

ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်
စားသောက်ဆိုင် တစ်ခုတွင် ဖြစ်သည်-
 စားသုံးသူ- "ဟေ့ဝိတ်တာ.. ဟောဟို စားပွဲပေါ်က ပုဂ္ဂိုလ်ကြီး သုံးဆောင်နေတဲ့ အရက်မျိုး ငါသောက် ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ.. တယ်လီဖုန်း လာနေတယ် ဆိုပြီး သူ့ကို ကျွန်တော် ပထုတ်သွားမယ်.. အရိပ်အခြည် ကြည့်ပြီး ဆရာ လှုပ်ရှားပေတော့"
ကြိုက်တာဝယ်စားး..
အမေရိကန်နိုင်ငံ၌ ၀က်မွေးမြူသူ ထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်း တစ်ဦး ရောက်ရှိလာပြီး စုံစမ်းလေသည်။
ခင်ဗျားရဲ့ ၀က်တွေကို ဘယ်လိုအစာ ကျွေးသလဲဗျ
"ကျွန်တော့် ၀က်တွေကို ထမင်းကျန် ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက် အပုပ်တွေ ရောစပ်ပြီး ကျွေးပါတယ်..”
ကြားရတာ စိတ်မကောင်း စရာပဲ ကျွန်တော်က ကမ္ဘာ့တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က အရာရှိပါ..အခုလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ ကျွေးမှုအတွက် ဒဏ်ငွေရိုက်ရ ပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး ၃လခန့် ကြာပြန်သော် နောက်ထပ် လူကြီးလူကောင်း တစ်ယောက် လာပြီး စုံစမ်းပြန်သည်။
ခင်ဗျား ၀က်တွေကို ဘယ်လို အစာကျွေးသလဲဗျ
ဟုတ်ကဲ့.. ပေါင်မုန့် ပူတင်း.. ဒိန်ခဲ.. အာလူး.. ကြက်ပေါင်းနဲ့ ဗိုက်တာမင် အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ်...
အားပါး.. အံ့သြစရာပဲ.. ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့က အရာရှိပါ.. ကမ္ဘာကြီးရဲ့ လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေး ကြုံနေတာ တောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု မရှိဘဲ ဖြုန်းတီး ပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာ တစ်ထောင် ဒဏ်ငွေ ရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီး များမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျား ၀က်တွေကို ဘယ်လိုအစာတွေ ကျွေးပါသလဲ ခင်ဗျာ
တစ်ကောင်ကို တစ်ဒေါ်လာစီ ပေးပြီး ကြိုက်တာ ၀ယ်စားလို့ ပြောလိုက်တယ်..

ကျူးလွန်မိမှာစိုးလို. အဲ့...
Q : ဒါနဲ.ဲ့..နေပါအုန်း..နေပါအုန်း...
A : နေပါတယ်..
Q : မင်းကဘာလို. အရက်ကို အလွန်အကျွှံ သောက်ရတာလဲ...
A : သူရမေရာကံ ကျူးလွန်ပြီး... အခြားကံ ၄ပါး လုံအောင်လို.ပါ...
Q : ဘာကွ! သူရာမေရကံ ကျူးလွန်ပြီး....အခြားကံ ၄ ပါးပါ ချိုးဖောက် တာ မဟုတ်ဘူးလား..
A : ဘဲနဲ. ချိုးဖောက်ရမှာလဲ..
Q : ဗျာ..
A: အေ့..။ တကယ် သောက်ကြည်.ပါလား... အရက်မူးလွန်လို. သူများကို လိမ်ဖို. မပြောနဲ့ ကို့လျာအလုံးကြီးကို ပြန်မကိုက် မိအောင်လို. မနဲ ထိန်းထားရတယ်.... အေ့...။
Q : အေ့!
A : မအေ့နဲ့ တချို.ဆို အမူးလွန်ပြီး အမှန်တိုင်း ပြောမိလို. ကျွှဲခိုးပေါ်တာ ရှိသေး..အေ့။
Q : အဲ့!
A : မ အဲ့ နဲ. အုန်းရှိသေးတယ်.. သူတပါး ပိုက်ဆံခိုးဖို.မပြောနဲ. ကိုယ့်အိတ်ထဲ ပိုက်ဆံတောင် ဘယ်ကောင် နှိက်သွားမှန်း မသိလို. ပျောက်ရတာ အကြိမ်ကြိမ်... အေ့။
Q : ဟင်!
A : မဟင်နဲ.အုန်း.. ကျန်သေးတယ်... သူတပါး အသက်သတ်ဖို. မပြောနဲ. ကိုယ်ဘာသာကို မရပ်နိုင်လို. ဓာတ်တိုင် ဖတ်ထားရတာဘဲ ကြည်. တော့...အေ့..။
Q : သြော်!
A : မသြော်နဲ. မပြီးသေးဘူး... သူများ သားမယားကို ပြစ်မှားဖို. ဆိုဝေးရော... နိုင်ငံခြားမှာ ဖြစ်ဖူးတယ်... အမူးလွန်ပြီး ပန်းခြံထဲမှာ အိပ်နေတာ ကိုယ်. ဖင်ထဲကို မြွေဝင်သွားမှန်း တောင်မသိဘူး.. .အေ့..။
Q : မင်းပြောတော့လည်း ဟုတ်သလိုဘဲ...... ငါလည်း ကံ၎ပါး လုံအောင် အရက်သောက်ရ
မလိုဖြစ်နေပြီ အရက်ဆိုင် သွားအုံးမှ.....။

Unusual Picture





ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

တစ်ခါက မုဆိုးကြီး  တစ်ယောက်ဟာ သူ့သားကို အသိပညာ တစ်ခုပေးချင်လို့ သူတောလိုက် သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲ ရောက်ရော တောင်ကမူလေး တစ်ခုမှာ ခွေးတစ်ကောင်က နေပူစာ လှုံနေသတဲ့..။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ ကြည့်ခိုင်းပြီး နေပူစာ လှုံနေတဲ့ ခွေးကို မထိစေပဲ ခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်..။ ခွေးဟာ သူ့ဘေးနား ကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်း မသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကို လာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက် နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ ဒီမြင်ကွင်းကို ကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ် လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကို ခေါ်ပြီး တောထဲကို ထွက်လာခဲ့ ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာ ကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူ ကြတယ်.။ သူတို့နေရာ ယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်..။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့ လည်ပင်းကြား ထဲကို ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်း ပစ်လိုက်တယ်.။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ ကြည့်ပါတယ်..။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲ လာစိုက်တဲ့ မြားကို သေသေချာချာ ကြည့်ပြီး ငြိမ်နေတယ်..။ ခဏကြာတော့ မြားလာရာ လမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတလှည့်၊ မြားလာရာ လမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။ မြားတံကို ခြင်္သေ့က ဘာမှ မလုပ်ပဲ မြားလာရာ လမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာ ထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။ ဒါကြောင့်..........
ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။
ကိုယ့်ကို ရန်ပြုလာတဲ့ မြားကို လျစ်လျူရှုပြီး မြားလာရာ လမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။
ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ... ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက် တတ်လား...။ ပြဿနာရဲ့ အစကို ၇ှာပြီး ပြေလည်အောင် ရှင်းတတ်လား... ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်..။ ဒါကြောင့် ပြဿနာနဲ့ တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။
ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။
အဖြေရလာပါလိမ့်မယ်....။ ။

“ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ၊ လက်၊ ခေါင်း အတူတူပဲ.. တစ်ခုပဲ ကွာတယ်.... ပြဿနာ တစ်ခုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းတယ်.. ဆိုတာပဲ..။”

ဒါနပြုရာမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်သင့်မသင့်

အမေး ။အရှင်ဘုရား…တပည့်တော် မေးလျှောက်ပါရစေ… ဒါနပြုတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီးမှ လှူရမယ် လို့ ဘုရားရှင် ဟောတော်မူချက်အရ လူအများဟာ သီလရှိတဲ့ သံဃာတော်များကိုသာ လှူဒါန်းကြတော့ ရဟန်းတော်များမှာ လှူဖွယ် ပစ္စည်းများနဲ့ အလျှံပယ် ဖြစ်နေပါတယ်ဘုရား။ ပစ္စည်းလဘ်လာဘ ပေါများနေတဲ့ ရဟန်းတော်များကိုသာ လူတွေက ထပ်တလဲလဲ လှူနေကြတာကို တွေ့မြင်နေရတယ်။ ဒါပေမဲ့ သီလမရှိဘူး ထင်ရတဲ့သူများမှာကျတော့ လှူမဲ့သူ ပေးမဲ့ကမ်းမဲ့သူ မရှိ ချို့တဲ့လွန်း လှပါတယ်ဘုရား။ တပည့်တော်သိချင်တာက သီလမရှိဘူးထင်ရတဲ့ ချို့တဲ့နေတဲ့ သူများကိုလည်း ပေးလို့ရမှာလားဘုရား၊ အဲဒါလေး တပည့်တော် ဘ၀င်မကျ ဖြစ်နေလို့ အဖြေပေးစေချင်ပါတယ်ဘုရား…..
ဒေါ်စန္ဒ၀တီ
ဗုဒ္ဓသာသနာ့ရိပ်သာ-မြိတ်

အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ။ အလှူ ပြုလုပ်တဲ့အခါ သီလ ရှိတဲ့သူကို ပေးလှူသင့်သလို သီလမရှိဘူးလို့ ထင်ရတဲ့ ချို့တဲ့နေသူများအားလည်း ပေးလှူလို့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာ တင်ပြစရာတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ကိုပဲ နားလည်သဘော ပေါက်အောင် ပြောပေး သွားပါ့မယ်။
စာရေးသူလည်း တစ်ခါက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘ၀င်မကျခဲ့ပါဘူး။ ဦးဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ မဟာဗုဒ္ဓ၀င်ကို ဖတ်လိုက်ရတဲ့အခါမှ ဘ၀င် ကျ ခဲ့ရပါတယ်။
(၀ိစေယျ ဒါနံ ဒါတဗ္ဗံ ယတ္ထ ဒိန္နံ မဟပ္ဖလံ) အလှူကို လှူလျှင် အကျိုးကြီးမြတ်အောင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရမယ်လို့ ကျမ်းဂန်တို့မှာ လာရှိပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါသေးတယ်။
တစ်ခါက အင်္ကုရနတ်သား ဖြစ်မဲ့သူက သာသနာပမှာ သီလမရှိတဲ့သူများကို ထမင်းရေ ချောင်းစီး လှူဒါန်းခဲ့ဖူးတယ်၊ ဣန္ဒကနတ်သား ဖြစ်မဲ့သူက သာသနာတွင်းမှာ ရဟန္တာအရှင်မြတ်တစ်ပါးကို ဆွမ်းတစ်ဇွန်းမျှ လောင်းလှူခဲ့ဖူးတယ်။ သေလွန်တဲ့အခါ နတ်ပြည်မှာ အင်္ကုရနတ်သားနဲ့ ဣန္ဒကနတ်သား သွားဖြစ်ကြတယ်။ ဘုရားရှင်က တာဝတိံသာမှာ အဘိဓမ္မာတရားဟောကြားတဲ့ အခါမှာ တရားနာ ယူဖို့အတွက် အင်္ကုရနတ်သားနဲ့ ဣန္ဒကနတ်သားတို့က ဘုရားရှင်ရဲ့အနီးမှာ နေရာယူကြတယ်။ နောက်တန်ခိုးကြီးတဲ့ နတ်တွေလာတဲ့အခါ ကျတော့ သာသနာပအလှူကြောင့် နတ်ဖြစ်လာတဲ့ အင်္ကုရနတ်သားက အနောက်ကို ဆုတ်ပေးရတယ်၊ဒီလိုနဲ့ တဖြေး ဖြေး ဆုတ်လိုက်တာ ဘုရားရှင်နဲ့ ၁၀ယူဇနာ အထိကွာဝေး သွားတယ်တဲ့။ သာသနာတွင်း လှူတဲ့အလှူကြောင့် နတ်ဖြစ်လာတဲ့ ဣန္ဒက နတ်သားကတော့ နေမြဲနေရာကနေ လုံးဝ မဆုတ်ပေး လိုက်ရဘူးတဲ့။ ဒါကြောင့် အလှူပြုလုပ်ရင် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီး လှူရင် အကျိုးများတယ် ဆိုတဲ့အကြောင်းကို ဥပရိပဏ္ဏာသပါဠိတော်၊ ဒက္ခိဏ၀ိဘင်္ဂသုတ် မှာ ဟောကြားထားပါတယ်။
ဗုဒ္ဓ၀င်ပါဠိတော်မှာ ကျပြန်တော့ အလှူခံပုဂ္ဂိုလ်တို့ကို အယုတ်အလတ် အမြတ်မရွေး ပေးလှူရမယ် လို့ ထင်ရှားစွာ ဟောတော်မူထားပါ တယ်။ ဒီလို ဟောကြားထားတာကို ကြည့်လျှင် အလှူကို လှူတဲ့အခါ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စရာ မလိုဘူး လို့ အဓိပ္ပါယ်ရနေပါတယ်။
ဒါဖြင့်ရင် ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့တဲ့ ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏ၀ိဘင်္ဂသုတ်မှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ် ရမည်လို့ ဟောတော်မူပြီး၊ ဗုဒ္ဓ၀င်ပါဠိတော်မှာတော့ အလှူခံပုဂ္ဂိုလ် အယုတ်အလတ်အမြတ် ရွေးချယ်စရာမလို ပေးလှူသင့်တယ် လို့ ဟောထားပါတယ်။ ဒီတရားနှစ်ခုဟာ မညီညွတ် ဆန့်ကျင်နေတာ တွေ့ရပါတယ်။ “ဒါက ဘယ်လိုဖြစ်ရတာလဲ” ၊ ဒီအမေးကို ဖြေရမယ်ဆိုပါက…ဒီလို သမည လူနတ်တို့ရဲ့ ရည်ရွယ်ချက်က အလိုရှိရာ အကောင်းဆုံး လောကီစည်းစိမ် ချမ်းသာကို တောင့်တကြတာ ဖြစ်တဲ့အတွက် အကောင်းဆုံး အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ် ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဥပရိပဏ္ဏာသိ ပါဠိတော်မှာ ဟောထားတဲ့ နည်းလမ်းက သာမညနတ်လူ တို့အတွက် ရည်ရွယ်ပြီး ဟောတော်မူခဲ့ခြင်း ဖြစ်တယ်လို့  မှတ်ယူရပါမယ်။
ဗုဒ္ဓ၀င်ပါဠိတော်မှာ ရှေးဘုရားလောင်း သူတော်ကောင်းများဟာ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ရာ ရည်ရွယ်ပြီး ပေးလှူကြပါတယ်၊ ဒါနကုသိုလ်အကျိုးကို ကြည့်ပြီးပေးလှူတာ မဟုတ်ပါ။ ဘုရားရှင်တို့ရဲ့ ဥာဏ်တော် (သဗ္ဗညုတဥာဏ်တော်)မှာ ပုဂ္ဂိုလ် အယုတ်အလတ်အမြတ် ဟူ၍ မရှိပါ။ ဒါနတစ်ခု မြောက်ဖို့အတွက် အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်း မရှိဘဲ ပေးလှူလေ့ရှိတာဟာ သဗ္ဗညုတဥာဏ်တော် လိုလားတော်မူကြတဲ့ ဘုရားအလောင်းတော် တို့ရဲ့ဓလေ့ပဲ ဖြစ်ပါတယ်။
ဂေါတမမြတ်စွာ ဘုရားအလောင်းတော် ဝေဿန္တရာမင်း ဖြစ်စဉ်အခါက သားသမီးများဖြစ်ကြတဲ့ ဇာလီနှင့် ဂဏှာစိန်တို့ကို သီလမရှိတဲ့ ဇူဇကာ ပုဏ္ဏားအား လှူဒါန်းလိုက်ပါတယ်။ ဒီမှာလည်း အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ခြင်းမရှိ၊ ဒါနပါရမီ မြောက်ဖို့သာ လိုရင်းဖြစ်တယ် ဆိုတာပါပဲ။
အချူပ်ဆိုရသော် ဥပရိပဏ္ဏာသပါဠိတော်မှာ လာတဲ့ ဒါနပြုနည်းက သမည နတ်လူတို့အတွက်ဖြစ်ပြီး၊ ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောတဲ့ ဒါနပြုနည်းက ဘုရားအလောင်းတော် တို့အတွက် ဖြစ်တယ်။
ဆိုလိုတာက အလှူပြုတဲ့အနေရာမှာ ဘယ်လိုပဲပြုပြု အလှူဒါနမြောက်သွားဖို့သာ အဓိကလိုရင်း ဖြစ်တဲ့အတွက် သီလမရှိတဲ့ အလှူခံပုဂ္ဂိုလ် ကိုလည်း ပေးလှူ ကောင်းပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

စာရေးသူ- ဆရာတော်ဦးကောဝိဒ  
                                                                           ရက်စွဲ-9-7-2009

Thursday, December 3, 2009

ချစ်သူကို ဘယ်အချိန်မှာ ဖုန်းဆက်တက်သလဲ

၁။ အိမ်ယာနိုးနိုးချင်း ဆက်တက်သူ
အချစ်နဲ. ပတ်သက်လာရင် သင်ဟာ အရင် လူပ်ရှားတက်သူဖြစ်သည်။ သင်ဟာ အခွင်.အရေးကောင်းနဲ. ကြုံ၇င် လက်မလွတ်တက်သူဖြစ်တယ်။ အချစ်စစ်သူရဲကောင်း အမျိုးအစား ဖြစ်တယ်။ အချစ်အတွက် ပျော်ပျော်ကြီး စွန်.လွတ်အနစ်နာခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှ မမျှော်ကိုးပဲ ပေးဆပ်သူ၊ ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှ တုံ.ပြန်မူမရလည်း အပြစ်မတင်တက်သူဖြစ်တယ်။ အချစ်မှာ သင်ဟာ ပျော်နေတက်ပေမဲ. အကြံတစ်ခုတော. ပေးချင်ပါတယ်။ ချစ်သူအပေါ်ထားတဲ. သင်.ရဲ. ကြင်နာ ယုယမူတွေဟာ ချစ်သူအတွက် အကျင်. မဖြစ်သွားစေပါနဲ.။ ချစ်သူဆိုတာ နှစ်ဦးနှစ်ဖတ် အပေးအညီ မျှဖို.လိုတယ်။ သင်.အတွက် အလိုက်ဖက်ဆုံး လူဟာလဲ သင်.ကို ချစ်ခင်ကြင်နာတဲ.သူ၊ သင်.ကိုတန်ဖိုးထားသူပဲ ဖြစ်သင်.ပါတယ်။

၂။ လမ်းပေါ်မှာ ဆက်တက်သူ
အချစ်ကြောင့် အရသာ မပျက်တက်သူ၊ ဘ၀မှာ ပျော်ပျော်နေတက်သူ ဖြစ်ပြီး အချစ်မရှားသူ ဖြစ်တယ်။ ဘ၀ရဲ. ထောင်.တစ်နေရာရာ ကနေ ကိုယ်.အတွက် ပျော်ရွင်မူကို ရှာတက်သူဖြစ်ပြီး နှစ်ဦး နှစ်ဖက် ရဲ. အပြောအဆိုကို အလွန်ဂရုစိုက်တက်ဘူဖြစ်တယ်။ ချစ်သူဘာကို အလိုရှိသလဲ ဆိုတာ သင်သိသင်.ဖို. အတွက် အကြံတစ်ခု ပေးချင်ပါတယ်။ သင်ဟာ စန်းပွင်.သူဖြစ်ပေမဲ. တစ်ယောက်တည်း ကိုပဲ သတ်သတ် မှတ်မှတ် ချစ်တဲ. အချစ်ကမှ သင်.နဲ. အသင်.တော် ဆုံးဖြစ်တယ်။ ဘာဖြစ်လို.လဲဆိုတော. သင်.ရဲ.စိတ် တစ်စိတ်ထဲနဲ. လူအများကို ခွဲဝေပေးဖို. မဖြစ်နိုင်လို.ပါပဲ။

၃။ အလုပ်ချိန်မှာ ဆက်တက်သူ
သင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမန်တစ် မဆန်သလို နားဝင်ချိုတဲ. စကားကိုလည်း ပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘ၀ရဲ. တစ်စိတ်တစ်ဒေသလို. ထင်သူဖြစ်သည်။ သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်ကြောင့် ခေါင်းမစားသူဖြစ်တယ်။ သင်.အတွက် အကြံက အချစ်ကို သင်စတင်တော.မယ်ဆိုရင် သူငယ်ချင်းအဆင်.ကနေ တဖြည်းဖြည်း စတင်တာဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ. သူငယ်ချင်း အဆင်.ပဲရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ.တော. မရပ်ဆဲမိဖို. လိုလိမ်.မယ်။

၎။ အိပ်ယာမ၀င်ခင် ဆက်တက်သူ
သင်ဟာ အချစ်ရဲ ကျွေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ ချစ်သူက သင်.အပေါ် နည်းနည်း ကောင်းပြ၊ ကြင်နာပြတာနဲ. သင်ဟာ သူ.အပေါ် ဆယ်ဆ ပြန်ကောင်းလိုက်တက်တယ်။ ချစ်သူအလိုရှိတာကို ပါးစပ်ဟ လိုက်တာနဲ. သင်က ဘာမဆို အားလုံးအိုကေ စေရမယ်ဆိုတဲ. အစားမျိုးဖြစ်တယ်။ သင်.ကို အကြံတစ်ခု ပေးချင်ပါတယ်။  တစ်ခါတစ်လေမှာ အချစ်ဆိုတာ တရားမမျှတတဲ. ကစားနည်းပါ။ ပေးဆပ်မူနဲ. ရယူမူက ဘယ်တော.မှ တစ်ထပ်တည်း မကျဘူး။ ဒါ.ကြောင်. အချစ်နွံထဲ အရမ်းနစ်ဝင်မသွားစေနဲ.။ နောက်သင်.မှာ အချစ်အတွက် တိုင်ပင်ဖော်လေး လိုပါတယ်။ ဥပမာ သူငယ်ချင်း သို.မဟုတ် အိမ်သူအိမ်သား၊ သူတို.က သင်.အတွက်အကြံဥာဏ်ကောင်းတွေ ပေးနိုင်ပါလိမ်.မယ်။

၅။ ဆက်ချင်တဲ.အချိန် ဆက်တက်သူ
ချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ. အရာကို ရှာဖွေတက်သူဖြစ်တယ်။ ချစ်သူလိုတစ်မျိုး၊ သူငယ်ချင်းလို တစ်မျိုး ကူညီ စောင်.ရှောက်တက်သူလည်း ဖြစ်တယ်။ တစ်ခြားသူ.နဲ. ခင်မင်သွားလည်း ချစ်သူအပေါ် အချစ်မပြောင်းတက်သူ ဖြစ်တယ်။ အကြံတစ်ခုပေးချင်တာက ချစ်သက်တမ်းကြာလေလေ ချစ်သူရဲ.အပြစ် အနာအဆာကို တွေ.မြင်နိုင်ဖို. ခဲယဉ်းလေလေ ဖြစ်တက်တာကြောင့် ချစ်သူအပေါ် မကျေနပ်တာ၊ အလိုမကျတာတွေကို စိတ်ထဲမှာ သိမ်းမထားပဲ ချက်ချင်း ထုပ်ဖော်ပြောသင်.တယ်။ အလိုမကျတာတွေ ကို ရင်ထဲမှာပဲ သိမ်းဆည်းထားရင် နောက်ဆုံးမှာ အင်အားပြင်းတဲ. မီးတောင် အဖြစ် ပေါက်ကွဲနိုင်ပါတယ်။

Men Are Hard To Please

The problems with GUYS
If u TREAT him nicely, he says u are IN LOVE with him;
If u Don't, he says u are PROUD.

If u DRESS Nicely, he says u are to LURE him;
If u Don't, he says u are from VILLAGE.

If u ARGUE with him, he says u are STUBBORN;
If u keep QUIET, he says u have no BRAINS.

If u are SMARTER than him, he'll lose FACE;
If he's Smarter than u, he is GREAT.

If u don't Love him, he tries to POSSESS u;
If u Love him, he will try to LEAVE u.(very true huh?)

If u don't make love with him., he says u don't Love him;
If u do!! he says u are CHEAP.

If u tell him your PROBLEM, he says u are TROUBLESOME;
If u don't, he says that u don't TRUST him.

If u SCOLD him, u are like a NANNY to him;
If he SCOLDS u, it is because he CARES for u.

If u BREAK your PROMISE, u Cannot be TRUSTED;
If he BREAKS his, he is FORCED to do so.

If u SMOKE, u are BAD girl;
If he SMOKES, he is GENTLEMEN.

If u do WELL in your exams, he says it's LUCK;
If he does WELL, it's BRAINS.

If u HURT him, u are CRUEL;
If he HURTS u, u are too SENSITIVE!!
& sooo hard to please!!!!!

If u send this to guys, they will swear that it's not true.......
but if u don't, they say u are selfish......

Wednesday, December 2, 2009

Funny Cartoon




                             
  Signboard Outside A Prostitute's House:
                                    Married MEN Not Allowed.
                           We Serve The Needy, Not The Greedy...
                                               ~~~~~~


Lady                : Is this my train?

Station Master : No, it belongs to the Railway Company.

Lady               : Don't try to be funny. I mean to ask if I can take this train to New Delhi .

Station Master : No Madam, I'm afraid it's too heavy.

                                              ~~~~~~
                             
 A drunkard was brought to court.
               Just before the trial there was a commotion in the gallery.
   The judge pounded the gravel on his table and shouted, 'Order, order.'
The drunkard immediately responded, 'Thank you, your honor, I'll have a scotch and soda.'

                                                ~~~~~~~



                   
Customer   :  Waiter, do you serve crabs?

Waiter       :  Please sit down sir, we serve everyone.
                                              ~~~~~~


       Customer  :  Waiter, is this a lamb chop or pork chop? 
       
 Waiter      :  Can't you tell the difference by taste? 
      
Customer  :  No, I can't.
        
Waiter      :  Then does it really matter ?
                                               ~~~~~~
   
 Little Susie came running into the house after school one day,shouting,
                    'Daddy!  Daddy!  I got a 100 in school today!'
                     'That's great, Sweetheart,' said her daddy.
                  'Come in to the living room and tell me about it.'
'Well,'  began the confession, 'I got 50 in spelling, 30 in math's and 20 in science.'


  
Customer :  Waiter, there's a dead beetle in my soup.
      Waiter :  Yes sir, they are not very good swimmers.
                                                  ~~~~~~ 

 
Customer  :  Waiter, there's a fly in my soup. 
Waiter      :  That's all right sir, he won't drink much.
                                                 ~~~~~~
                 
Waiter      : I've stewed liver, boiled tongue and frog's leg.
                 
Customer  : Don't tell me your problems. Give the menu card.

                                              ~~~~~~~~~



  
Customer  :  Waiter, there's a fly swimming in my soup. 
  Waiter  : So what do you expect me to do, call a lifeguard?
                                                 ~~~~~~~
 
Customer   :  Waiter, what's the meaning of this fly in my tea up?
    Waiter     :  I wouldn't know sir, I'm a waiter, not a fortune teller.
                                                ~~~~~~~
         
 1st thief     :  Oh ! The police is here. Quick! Jump out of the window!
          2nd thief    :  But this is the 13th floor.
         
 1st thief     :  Hurry! this is no time for superstitions .
                                               ~~~~~~~~
                             
Man  : How old is your father?
                     Boy  : As old as me.
                    
Man : How can that be?
                     Boy  : He became a father only when I was born.

                                              ~~~~~~~~~



         customer  :  Waiter, this soup tastes funny. 
      
 Waiter      :   Funny?  But then why aren't you laughing?
                                                ~~~~~~~
Teacher : Peter, why are you late for school again?
Peter: Well, Miss, I dreamed that I was playing football and the game went into extra time.

                                                   ~~~~~~~
                   
An absent-minded man went to see a psychiatrist.
                 'My trouble is,' he said, 'that I keep forgetting things.'
             
'How long has this been going on?' asked the psychiatrist.

                  '
How long has what been going on?' said the man.
                                                                                ~~~~~~~
            
     Girl    :  Do you love me?
             
Boy   :  Yes Dear. 
             
Girl    : Would you die for me?                         
              Boy   :  No, mine is undying love.
                                                  ~~~~~~~~


                                                 ~~~~~~~~~~~
                         
Wife           :  Do you want dinner?
                         
Husband     :  Sure, what are my choices?
                         
Wife           :  Yes and no.
                                           ~~~~~~~~

 Customer      :   If I post this letter tonight, will it get to Delhi in two days time?

 
Post Master   :  Yes sir, it definitely will.
 Customer      : I bet you, it won't.
 
Post Master   :  Why not?
 
Customer      :  It's addressed to Mumbai.
                                                 


Trust You Had Some Laughs..!!