ကောင်းသောနေ့လေးပါနော်...

ကောင်းသောနေ့လေးပါနော်...

Friday, December 4, 2009

ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ

တစ်ခါက မုဆိုးကြီး  တစ်ယောက်ဟာ သူ့သားကို အသိပညာ တစ်ခုပေးချင်လို့ သူတောလိုက် သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲ ရောက်ရော တောင်ကမူလေး တစ်ခုမှာ ခွေးတစ်ကောင်က နေပူစာ လှုံနေသတဲ့..။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ ကြည့်ခိုင်းပြီး နေပူစာ လှုံနေတဲ့ ခွေးကို မထိစေပဲ ခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်..။ ခွေးဟာ သူ့ဘေးနား ကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်.။ ပြီးတော့ ဘာရယ်ညာရယ်မှန်း မသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကို လာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက် နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊စားစရာလဲ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ ဒီမြင်ကွင်းကို ကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်..။
နောက်တစ်ပတ် လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကို ခေါ်ပြီး တောထဲကို ထွက်လာခဲ့ ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာ ကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူ ကြတယ်.။ သူတို့နေရာ ယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ တစ်ခုရှိတယ်..။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့ လည်ပင်းကြား ထဲကို ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်း ပစ်လိုက်တယ်.။ မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ ကြည့်ပါတယ်..။ ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲ လာစိုက်တဲ့ မြားကို သေသေချာချာ ကြည့်ပြီး ငြိမ်နေတယ်..။ ခဏကြာတော့ မြားလာရာ လမ်းကြောင်းကို မျှော်ကြည့်တယ်..။ ပြီးတော့ မြားကိုတလှည့်၊ မြားလာရာ လမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။ မြားတံကို ခြင်္သေ့က ဘာမှ မလုပ်ပဲ မြားလာရာ လမ်းကြောင်း၇ဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်ဖို့ရာ ထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။ ဒါကြောင့်..........
ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး..........။
ကိုယ့်ကို ရန်ပြုလာတဲ့ မြားကို လျစ်လျူရှုပြီး မြားလာရာ လမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...............။
ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ... ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်တွန်းထိုး တိုက်ခိုက် တတ်လား...။ ပြဿနာရဲ့ အစကို ၇ှာပြီး ပြေလည်အောင် ရှင်းတတ်လား... ဆိုတဲ့ လူနစ်မျိုးကွဲ သွားပါတယ်..။ ဒါကြောင့် ပြဿနာနဲ့ တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။
ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။
အဖြေရလာပါလိမ့်မယ်....။ ။

“ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ၊ လက်၊ ခေါင်း အတူတူပဲ.. တစ်ခုပဲ ကွာတယ်.... ပြဿနာ တစ်ခုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းတယ်.. ဆိုတာပဲ..။”

No comments:

Post a Comment