-ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "...

ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

...ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"...

ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။
ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ 'ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ'
ဒုတိယလူက ထောက်ခံပြောသည်။
"ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး 'လူစွမ်းကောင်း သုံးယောက်' စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ"
တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။
"ဟေ့လူ… ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား"
"ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ "အလီဘာဘာနဲ့ ခိုးသားလေးဆယ်"ကို ဖတ်ထားတယ်ဗျာ"

- မန်ချက်သက်တော်ရှည်မန်နေဂျာကြီး ဖာဂူဆန်တစ်ယောက် ခရီးသွားကုမ္ပဏီတစ်ခုကို ဖုန်းလှမ်းဆက်တယ်
“ကျွန်တော်လေယာဉ်နဲ့ မြန်မာနိုင်ငံကို သွားမလို့ပါ။ လေယာဉ်ဘယ်လောက်ကြာစီးရမလဲ?”
ကုမ္ပဏီဝန်ထမ်းက လေယာဉ်ခရီးစဉ်ဇယားမှာ စစ်ဆေးဖို့ ခဏစောင့်ပါ Just a second Mr.လို့ ပြောလိုက်တယ်။ ဒါကို ဖာဂီကြီးက ၀မ်းသာအားရ ကျေးဇူးပဲလို့ပြောပြီး ဖုန်းချသွားခဲ့တယ်။...

- ဖာဂူဆန်ကြီး မြန်မာနိုင်ငံကို အလည်အပတ်သွားခဲ့တယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းဖို့စီစဉ်ခဲ့တယ်။ အားလုံးစီစဉ်ပြီး ဟိုတယ်ဝန်ထမ်းက တည်းခိုမယ့်အခန်းကို လိုက်ပြခဲ့တယ်။ အဲဒီမှာ ဖာဂူဆန် ဒေါသတကြီး အော်ဟစ်တော့တယ်။
“ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုအခန်းကျဉ်းထဲမှာ တည်းခိုင်းရတာလဲ? အင်္ဂလန်က လာတယ်ဆိုပြီး အထင်သေးနေတာလား?”
“ဟာ.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်အထင်မသေးပါဘူး။ ဒါ ဓာတ်လှေကားပါ”
ဟိုတယ်ဝန်ထမ်းက အမြန်ရှင်းပြရရှာတယ်။

ဒါလေးတောင်မသိဘူးလားဖာဒီနန် အိမ်တွင်မီးလောင်နေရာ မီးသတ်ဌာနသို့ဖုန်းဆက်အကြောင်ြး ကားသည်။
မီးသတ်ရဲဘော်.... ဘယ်မှာမီးလောင်တာလဲ
ဖာဒီနန်ူ.... ကျွန်တော့်အိမ်မှာပါ
မီးသတ်ရဲဘော်...... ဘယ်နေရာမှာလဲလို့ မေးတာ
ဖာဒီနန်ူ.... မီးဖိုဆောင်မှာပါ
မီးသတ်ရဲဘော်.... အဲဒီနေရာကို ဘယ်လိုလာရမလဲလို့ မေးတာ
ဖာဒီနန် ..... ဟာ... ခင်ဗျားတို့ဆီမှာ မီးသတ်ကားရှိနေတာပဲ...

No comments:
Post a Comment