ကောင်းသောနေ့လေးပါနော်...

ကောင်းသောနေ့လေးပါနော်...

Monday, November 30, 2009

WOMEN AS EXPLAINED BY ENGINEERS


 
 
 
 

သတိရနေမယ်

သတိရနေမယ်

သူငယ်ချင်း . . .
နွေဦးရွက်ကြွေ ၊ လေဦးဝေသော်
င့ါမှာလေနွမ်း ၊ မင်းကိုလွမ်း၏ ။
မိုးစက်လဲကျ ၊ မုတ်သုံစသော်
င့ါမှာလေတမ်း ၊ မင်းကိုလွမ်း၏ ။
ဆောင်းနှင်းစက်ကြွေ ၊ နှင်းပန်းဝေသော်
င့ါမှလေချမ်း ၊ မင်းကိုလွမ်း၏ ။
နှစ်ဟောင်းလည်းကုန် ၊ နှစ်သစ်ဆုံသော်
ငါ့မှာလေလန်း ၊ မင်းကိုလွမ်း၏ ။
သူငယ်ချင်း . . .
ရာသီချိန်ပြောင်း ၊ နှစ်တွေဟောင်းလည်း
မပြောင်းဘယ်ခါ သတိရနေမှာ ။     ။

တင့်ဇော်(မကွေး)

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာ

လူတစ်ယောက် ပျော်ရွှင်တဲ့အခါ
သူ.အတွက် ပျော်ရွှင်ရမယ် ။
လူတစ်ယောက် ၀မ်းနည်းတဲ့အခါ
သူ.အတွက် ၀မ်းနည်းရမယ် ။
ကောင်းတဲ့အချိန်မှာလည်း အတူတူ
ဆိုးတဲ့အချိန်မှာလည်း အတူတူ
ချစ်ခြင်းမေတ္တာဆိုတာ စွမ်းအားရဲ့
အရင်းခံ အကြောင်းပါပဲ ။

အချိန်တိုင်းမှာ သင်ကိုယ်တိုင်ရိုးသားရမယ် ။
အခြားသူများ အပေါ်မှာလည်းရိုးသားရမယ် ။
ပြောတာ ၊ နားထောင်တာ ၊ အမှန်တရားကိုလေးစားတာ ၊
ဘယ်အခါမှ ဟန်မဆောင်တာ ၊
ချစ်ခြင်းမေတ္တာဟာ အမှန်တရားရဲ့
အရင်းခံအကြောင်းပါပဲ ။

အခြားလူတစ်ဦးရဲ့ အစိတ်အပိုင်းအဖြစ်
ခံစားတတ်ရမယ် ။
အပြည့်အစုံ နားလည်မှုရှိပေးရမယ် ။
ဘယ်တော့မှ အပြောင်းအလဲ မရှိတဲ့သူအဖြစ် လက်ခံရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ ညီညွတ်ခြင်းရဲ့ 
အရင်းခံအကြောင်းပါပဲ ။

ကိုယ့်ဆန္ဒ ပြည့်ဝဖို့ လွတ်လပ်ခြင်းဟာ လိုပါတယ် ။
အခြားသူနဲ့  အတွေ.အကြုံချင်းဖလှယ်ရမယ် ။
ဖွံ.ဖြိုးမှုမှာ အတူတကွရှိရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ အောင်မြင်မှုရဲ့
အရင်းခံအကြောင်းတရားပါပဲ ။

အတူတကွ စီမံတဲ့အခါ
အတူတကွ ပြုမှုဆောင်ရွက်တဲ့အခါ
ချစ်ခြင်းမေတ္တာဟာ အနာဂတ်ရဲ့
အရင်းခံ အကြောင်းပါပဲ ။

မုန်တိုင်းထန်တယ် ။
သက်တန့်ရောင်မှာ ငြိမ်းချမ်းတယ် ။
ချစ်ခြင်းမေတ္တာဆိုတာ စိတ်အဟုတ်ဇောရဲ့
အရင်းခံ အကြောင်းပါပဲ ။

နေ့စဉ်အခြေအနေမှာ ပေးဆပ်ခြင်း ၊ ရယူခြင်းရှိရမယ် ။
အခြားလူများရဲ့ လိုအပ်ချက်တွေ ၊
ဆန္ဒတွေ အပေါ်စိတ်ရှည်ရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ
မျှဝေခြင်းရဲ့ အရင်းခံကြောင်းပါပဲ ။

အခြားသူ အကြောင်းသိရမယ် ။
ဘာပဲဖြစ်ဖြစ် ဂရုမထားပဲ
သင်နဲ့အတူရှိနေပါစေ ။
အဝေးမှာ ရှိနေပေမဲ့
နှလုံးသားမှာ အချိန်တိုင်း
နီးနေပါစေ ။
ချစ်ခြင်းမေတ္တာဆိုတာ
လုံခြုံမှုရဲ့ အရင်းခံအကြောင်းပါပဲ ။

ချစ်ခြင်းမေတ္တာဆိုတာ
ဘ၀ရဲ့ အရင်းခံအကြောင်းပါပဲ ။    

ဦးသန်းထွတ်

(ပါမောက္ခ-ငြိမ်း)

ဒဂုံတက္ကသိုလ် သင်ပုန်းကြီးဖတ်စာ


 
 
 
 

အကောင်းအဆိုး

  • ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
  • ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
  • သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
  • အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
  • လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
  • ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
  • ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
  • အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ် အခွင့်အရေးတစ်ခုကို ကွယ်ပစ် လိုက်ပါလိမ့်မယ်။
  • မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
  • သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
  • အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
  • ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
  • အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။ 

ဘယ်နည်းလမ်း ကြိုက်လဲဟင်...

IDEA TO SUSIDE

 
 
 
 
 
Guys, it's just for fun only. Not to try! :D

Sunday, November 29, 2009

ယောက်ျားတွေ ဘာလို့ ညာကြတာလဲ?

တစ်နေ့မှာ သစ်ခုတ်သမား တစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ်။ အဲ....အဲလို ခုတ်နေရင်းနဲ့ သူ့ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျ သွားပါလေရော။ သူလဲ ဘာလုပ်ရမှန်း မသိတော့တာနဲ့ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။ အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။
"အသင် ဘာကြောင့် ငိုနေရတာလဲ ?"
"ကျွန်တော်မျိုးရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ပါ အရှင်။ ပုဆိန်မရှိပဲ ကျွန်တော်မျိုး ဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ့အတူ ပြန်ပေါ် လာပါတယ်။ ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

"ဒါ သင်၏ ပုဆိန်လား ? "
"မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန် တစ်လက် နဲ့အတူ ပြန်ပေါ်လာပြန် ပါတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။

နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန် တစ်လက် နဲ့အတူ ပြန်ပေါ်လာပြန် ပါတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့ ရိုးသားမှုကို နှစ်သက် ကျေနပ်သွားပြီး ပုဆိန် (၃)လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့ အိမ်ကို ပြန်သွားပါတော့တယ်။

သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ရဲ့ဇနီး နဲ့အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။ မမျှော်လင့်ပဲ သူ့ရဲ့မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျ သွားပါရော။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့် နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။
"ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရ ပြန်တာတုန်း?"
"ကျွန်တော်မျိုးရဲ့ မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ပါ။ မိန်းမ မရှိပဲ ကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး "မိုးဟေကို" နဲ့အတူ ပြန်ပေါ်လာပါတယ်။ ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
"ဒါ သင်၏ မိန်းမ လား ? "
"ဟာ...ဟုတ်ပါတယ်" အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန် ထွက်သွားပြီး ပြောတယ်-
"မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ "

"အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့ ကျွန်တော်မျိုးက "မိုးဟေကို" ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က "သင်ဇာဝင့်ကျော်" နဲ့အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ်။ အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက "ဟုတ်ပါတယ်" ဆိုရင် အရှင်က သဘောကျပြီး (၃)ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ်။ နတ်မင်းကြီးရယ်... ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေးပါ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ။ ဒါဆိုရင် ကျွန်တော်ဘာကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘော ပေါက်မယ် ထင်ပါတယ်"

*** သြော်... ယောင်္ကျားတွေများနော်.... :P

ဒီလိုဖြစ်နေလား?

ဘယ်လောက်ပဲ အိပ်ချင်နေပါစေ အိပ်ခါနီးအချိန်လေးမှာ အိပ်မပျော်ခင်
သူ့အကြောင်းကို စဉ်းစားတယ်ဆိုရင် သေချာပါတယ် 
သူကို ချစ်မိသွားလို့ပဲ။

အားလပ်တဲ့ အချိန်လေးတွေမှာ သူစိတ်ဝင်စားအောင် ဘယ်လိုလေးတွေ
  လုပ်မယ်ဆိုတဲ့ အတွေးလေး ရှိနေတာ လဲ သေချာပါတယ် 
သူ့ကို ချစ်မိသွားလို့ပဲ။

သူနဲ့ ပက်သက်အမျှ အရာအားလုံး ကို နေ့တိုင်းနေ့တိုင်း ဂရုတစိုက်
အလေးထားတယ် ဆိုရင်လည်း သေချာ ပါတယ် 
သူ့ကို ချစ်မိလို့ပါပဲ။

ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ် ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မက်ဆေ့
ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ် ဆိုရင် 
သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။

သူနဲ့အတူ နှစ်ယောက်တည်း စကားပြောရတာကို နှစ်သက်တယ် ဆိုရင်
သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

 အတူ ရှိနေတဲ့ အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့်
 ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ
သူ့ကို ကိုယ်ချစ်မိ သွားလို့ပဲ။

သူ့ ဖျားနေနေရင် ၊ ထိခိုက် ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင်
သူ့ကို ကိုယ်ချစ်မိ သွားလို့ပဲ။

တစ်ခြားလူအပေါ် သူ စေတနာ ပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို သ၀န်တိုမိရင်
သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

သူ့ရဲ့ ချိုမြမြ အပြုံးတွေကို ကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
လိုက်တွန့်နေရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။

သူ့အကြောင်း ၊ သူ့ သတင်းတွေကို အမြဲနားစွင့် နေတတ်ရင်လည်း သူ့ကို
ကိုယ် ချစ်မိသွားလို့ပါပဲ။

သူပေးတဲ့ လက်ဆောင်လေးတွေကို အမှတ်တရ သိမ်းထားတယ် ဆိုရင်လည်း 
သူ့ကို ကိုယ် ချစ်မိသွားလို့ပါပဲ။

သူနဲ့ ချက်နေရင်း offline ဖြစ်သွားမှာ ကိုတောင် စိုးရိမ်နေတယ် ဆိုရင်တော့
သေချာပါတယ် သူ့ကို ချစ်နေလို့ပါပဲ။

ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို သတိရ နေမိရင် 
သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

ချစ်တဲ့ သူတိုင်း ပျော်ရွှင်ကြပါစေ။
 

ချစ်ဖို့

ဒေါသထွက်နေသော ယောင်္ကျားက ပြောသည်...
“တကယ်ပြောတာ ဘုရားသခင်က မင်းတို့ မိန်းမတွေကို ဒါလောက်လှပြီး ဒါလောက် အသိဥာဏ် တုံးအောင် ဘာဖြစ်လို့များ ဖန်ဆင်း ထားတယ်ဆိုတာ သိရရင် ဘာမဆို ငါပေးမယ်ကွာ”
မိန်းမဖြစ်သူက ပြန်ပြောသည်...
“ကျွန်မ ရှင်းပြပါမယ်... ယောင်္ကျားရယ်၊ ဘုရားသခင်က ကျွန်မတို့ကို လှအောင် ဖန်ဆင်းတာက ရှင်တို့ ယောင်္ကျားတွေက ချစ်ဖို့၊ ကျွန်မတို့ကို အသိဥာဏ်တုံးအောင် ဖန်ဆင်းတာက ရှင်တို့ ယောင်္ကျားတွေကို ချစ်ဖို့

အချစ်ဆုံးကိုနားလည်ပါ။

ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။ 
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့ သူ့ကို ခွင့်လွတ် နားလည်ပေးပါ။ တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံး တစ်စုံဟာ ကိုယ့်ဆီက ခွင့်လွတ် နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်း မေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို ဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လို လက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။ 
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။

မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှု ရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့ အချိန်ကို ကိုယ်မမေ့ပေမယ့်... ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူ ရှူမိတတ်တယ်။ လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။ အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့ အချိန်တွေ နည်းနည်းပို ပေးဖို့ပါပဲ။

မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။

ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံး နားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်း ထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

ပျော်ရွှင်တဲ့စိတ်

တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက် ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင် သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့် ကြိုးစားခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံ နေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။ လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင် ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။ လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သား ရှုရှိုက်လိုက် မိတယ်။
နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကို တွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ် မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။ ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။ "ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့... "ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။ ကဗျာဆရာ စကားကြောင့် နတ်သား အခက်တွေ့ သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာ ပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။ ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သား ထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံး ပြန်ပေးပြီး ထွက်သွားခဲ့တယ်။ လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သား သွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင် နေခဲ့တယ်။ ပျော်ရွှင်ခြင်း တွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှု တွေကိုပြတဲ့ နာမဝိသေသန တွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့ အရသာကို ဘယ်လာ ခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။


ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ... အရမ်းမောပန်း နွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေး တစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ.... အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ... မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။ ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။ သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။ ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို ကိုယ့်ရဲ့ ရောင့်ရဲတဲ့ စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ် နိုင်ပါတယ်။ သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား? ဒါမှမဟုတ် စိတ်ပျက်ခြင်း တွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက် တဲ့အခါ ကိုယ့်ရင်ခွင် တံခါးကို ကျယ်ကျယ် ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ...


Happiness is beside you!!!!

တွေးတွေးပြီးရယ် ၅

( ၁)
နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။ ဆရာဝန်က အဘိုးအိုကို" ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေ အမှန်ကို သိချင်နေမယ် ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျား ဘယ်သူနဲ့ တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်" လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ " ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်" လို့ ပြောလိုက်တယ်။
(၂)
အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က "ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့" လို့ ပြောတော့ အမျိုးသမီးက "ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ" လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။
(၃)
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
"ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့" လို့ ပြောတော့ ဆရာဝန်က " ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့" လို့ ပြန်ဖြေသတဲ့။
(၄)
 လူနာ။....။ ဆရာ ကျွန်တော် ချောင်းအရမ်းဆိုးနေတယ်။
ဆရာဝန်။...။ ခင်ဗျား အသက်
လူနာ။....။ ၇၅ပါ ဆရာ
ဆရာဝန်။....။ အသက် ၂၀မှာ ချောင်းဆိုးဖူးလား...
လူနာ။....။ မဆိုးဖူးပါဘူး
ဆရာဝန်။....။ အသက် ၄၀မှာရော ဆိုးဖူးလား...
လူနာ။....။ မဆိုးဖူးပါဘူး
ဆရာဝန်။....။ ဒါဆို ခုအသက်အရွယ်မှာမှ ချောင်းမဆိုးရင် ခင်ဗျား ဘယ်အရွယ်မှာမှ ချောင်းဆိုးချင်သလဲ...

(၅)
လက်ဖျားခြေဖျား အေးတတ်တဲ့ လူနာတစ်ယောက်က ဆရာဝန်လာပြတော့ ဆရာဝန်က
"ကျွန်တော်က လက်ဖျားခြေဖျားအေးရင် ကျွန်တော့်မိန်းမကို ဖက်ထားလိုက်တယ်။ သူ့ကိုယ်ငွေ့နဲ့ နွေးလာရော" လို့ အကြံပေးတော့ လူနာက " ဒီအကြံ မဆိုးဘူး ဆရာ.. ဒါနဲ့ ဆရာကတော် ဘယ်တော့ အားလဲဟင်" တဲ့။

(၆)
"ခွဲစိတ်တဲ့ အခြေအနေ ဘယ်လိုနေလဲ ဆရာ"
"အော်... ဒီတစ်ခါနဲ့ဆို ကျွန်တော် ခွဲစိတ်တာ ၉၇ကြိမ် ရှိခဲ့ပြီ"
"ဟာ.. ဒါဆို ကျွန်တော် စိတ်ချရပြီဆရာ"
 "အင်း... ကျွန်တော်လဲ ဒီတစ်ကြိမ်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်"
*** ဖတ်မိတဲ့ ဟာသလေးတွေပါ။ ရီသောသူ အသက်ရှည်၏တဲ့...

ဘုရားဂုဏ်တော် (၉)ပါးအနက်အဓိပ္ပါယ်

အရဟံ - ကိလေသာအပေါင်းမှ ကင်းစင်တော်မူသော မြတ်စွာဘုရား။ ကိလေသာ အပေါင်းကို အောင်နိုင်တော်မူသော မြတ်စွာဘုရား။ မကောင်းမှုကို စိတ်ကွယ်ရာ အရပ်၌ပင် ပြုလုပ်တော်မမူသော မြတ်စွာဘုရား။ သံသရာ စက်ရဟတ်ကို ချိုးဖျက်နိုင်တော်မူသော မြတ်စွာဘုရား။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါတို့၏ ပူဇော်အထူးကို ခံယူတော်မူသော မြတ်စွာဘုရား။
 
သမ္မာသမ္ဗုဒ္ဓေါ - သစ္စာလေးပါး တရားမြတ်ကို ဆရာမရှိ ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား။

ဝိဇ္ဇာစရဏ သမ္ပန္နော - ၀ိဇ္ဇာ(၃)ပါး၊ ၀ိဇ္ဇာ(၈)ပါး၊ စရဏတရား (၁၅)ပါး တို့နှင့်ပြည့်စုံ တော်မူသော မြတ်စွာဘုရား။

သုဂတော - ကောင်းမွန်သောစကား တို့ကိုသာ ပြောကြားတော်မူသော မြတ်စွာဘုရား။

လောက၀ိဒူ - သုံးလောက တခွင်ကို သိမြင်တော်မူသော မြတ်စွာဘုရား။

အနုတ္တရော ပုရိသ ဒမ္မသာရထိ - မယဉ်ကျေး၊ မလမ္မာသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်း (အောင်ခြင်း (၈)ပါး... နန္ဒောပနန္ဒ နဂါးမင်း၊ အင်္ဂုလိမာလ...) တို့ကို ယဉ်ကျေး၊ လိမ္မာအောင် ဆုံးမတော်မူသော မြတ်စွာဘုရား။

သတ္တာဒေ၀ မနုသာနံ - လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့၏ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား။

ဗုဒ္ဒေါ - သစ္စာလေးပါး တရားမြတ်ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တ၀ါ အပေါင်းတို့ကို သိစေတော်မူသော မြတ်စွာဘုရား။

ဘဂ၀ါ - ဘုန်းတော် (၆)ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

*** ဘုရားဂုဏ်တော် (၉)ပါးကို ကျွန်မသိမှတ်သလောက် အဓိပ္ပါယ် ပြန်ဆိုထားတာပါ။ သူငယ်ချင်း တို့လည်း ပူဇော်လို့ ရအောင် ဓမ္မဒါနပြုပါတယ်။

ဘ၀မှာ ဘာတွေနဲ့ တည်ဆောက်ကြမလဲ

တစ်ခါတုန်းက သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခက်တာက သူတို့နေတဲ့အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီး တွေဟာ ထမင်းစားချိန်ကြရင် ဟိုအိမ် ဒီအိမ် သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။ တစ်နေ့လဲမဟုတ်၊ နှစ်နေ့လဲမဟုတ် နေ့တိုင်း နေ့တိုင်း မနက်စာ တောင်းလိုက် ညစာ တောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလဲ ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ၊ တစ်သက်လုံး ဒီလိုပဲ တောင်းစား နေတော့မှာလား။ ကိုယ့်ဖါသာ ကိုယ်လည်း ချက်စားကြ ဦးမှပေါ့”
“ချက်တော့ ချက်စားချင် ပါတယ်ဗျာ။ ဒါပေမဲ့ မီးဖို မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျ။ ဒါမှမဟုတ် ခင်ဗျားတို့လဲ သိပ္ပံပညာရှင် တွေပဲ… ကိုယ့်ဖါသာကိုယ် မီးဖိုလေး တစ်လုံးတောင် ဖြစ်အောင် မလုပ်တတ် ကြဘူးလား”
ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…
“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောက် ကြမယ်ပေါ့။ ဒီလိုနဲ့ အားလုံးသဘောတူ လိုက်ကြတယ်။ အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့ …။ မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်မှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင် နောက်တစ်ယောက်က
“ဘီးတွေကြီးပဲရှိရင် ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“စက်လဲ တတ်ပြီးပြီ၊ ဘီးတွေလဲ ရှိပြီ၊ မောင်းလို့လဲ ရနေပြီဆိုတော့… တစ်ခါတည်း လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။ သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ် ကြားလို့ လာကြည့်ကြတဲ့ လူတစ်ယောက်က အဲဒီမီးဖိုကိုလည်း မြင်ရော ရင်သပ်ရှုမော ဖြစ်သွားပြီး…
“အို… အံမခန်း လက်ရာပဲ”
လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါလေရော… တဲ့။ ကြည့်တဲ့သူတိုင်း ကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံ ကြားလေလေ သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရ လာလေလေ… သူတို့ လက်စွမ်းပြ ချင်လာလေလေ ပေါ့။ ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျှောက် စနစ်နဲ့ ဖွဲစည်း ပြောင်းလဲ လို့ရအောင် တပ်ဆင်လိုက်တယ်။ နောက်တစ်ယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ မီးဖိုကြီးက မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေး နိုင်တယ်။ တတိယသိပ္ပံပညာရှင် ကတော့ မီးဖိုကြီး အတွင်းမှာ ကွန်ပြူတာ တစ်လုံး တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာ မှန်သမျှကို အဲဒီ ကွန်ပြူတာ ဖြေရှင်းပေးနိုင်တယ် ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပြူတာက ဗေဒင် ဟောပေးတယ်… တဲ့။ လူတွေက မီးဖိုကြီးရဲ့ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ချီးမွမ်းကြတယ်။ နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ အထူးခြား အဆန်းသစ်ဆုံး အပြည့်အစုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်လေး တစ်ခုပဲ ရှိတယ်။ အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။ သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ၊ ဟင်းတွေ လိုက်တောင်းစား နေရတာပါပဲတဲ့။

ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး လျှောက်စဉ်းစား နေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်…” လို့။

— မင်းခိုက်စိုးစံ ၏ ကတ်သီးကပ်သတ်မှ —

လှူတန်းခြင်း ဒါန

တခါက ရဟန်းနှစ်ပါးရှိတယ်။ တစ်ပါးက "မိမိအားလှူတန်းသော ဆွမ်းကို မိမိတန်သလောက်သာ လက်ခံ၍ ရောင်ရဲခြင်းကို ကျင့်ရာ၏" ဟူ၍ ရောင်ရဲခြင်း အကျင့်ကို ကျင့်ကြံတော်မူတယ်။ နောက်တစ်ပါးက "မိမိအား လှူတန်းသော ဆွမ်းအား အခြားသော ရဟန်းများကို ဝေမျှလှူတန်းခြင်း အားဖြင့် ဒါနအမူကိုလည်း ကျင့်ရာ၏" ဟူ၍ လှူတန်းခြင်း ဒါနကို အမြဲပြု၍ ကျင့်ကြံတော်မူ၏။
ရဟန်းနှစ်ပါးဟာ နှစ်ခုစလုံးဟာ မြတ်သော အမူချည်းဖြစ်နေ၍၊ တစ်ယောက်အယူကို တစ်ယောက် ပြန်လည် မချေပ နိုင်ကြပဲ၊ စုတိသောအခါ၊ နှစ်ယောက်စလုံး နတ်ပြည်မှာ ဖြစ်ကြ၍၊ လှူတန်းခြင်းကို ပြုလုပ်ခဲ့တဲ့ ရဟန်းဟာ၊ မလှူတန်းခဲ့တဲ့ ရဟန်းထက် ပိုပြီး အဆောင်အရောင် အခြွေအရံ ပိုများတဲ့ နတ်သား ဖြစ်ခဲ့ပါတယ်။
နတ်ပြည်မှ စုတေတော့ လှူတန်းမူကို ပြုခဲ့တဲ့ ရဟန်းဟာ မင်းရဲ့ သားတော်ဖြစ်ပြီး၊ လှူတန်းမူ မပြုခဲ့တဲ့ ရဟန်းကတော့ မင်းအစေခံရဲ့သား ဖြစ်ကြပြီး၊ တခန်းထဲ အတူတူ အိပ်စက်စေခြင်း ခံရချိန်မှာ.. မင်းရဲ့ သားတော်က ထီးဖြူအောက်မှာ လဲလျောင်းနေရာကနေ.."သူငယ်ချင်း မင်းရဟန်းဘ၀က... ငါပြောတာ နားမထောင် ခဲ့လို့ခုတော့ ထီးဖြူအောက် မနေရတော့ဘူး"လို့ ပြောပါတယ်။ အဲဒီမှာ "အမယ်...မင်းပြောတဲ့ ထီးဖြူဆိုတာလည်း ဓာတ်ကြီးလေးပါး ပါပဲကွာ" လို့ ပြန်ပြောပါတယ်။ အဲဒီလို မွေးကင်းစ ကလေးနှစ်ယောက် အပြန်အလှန် ပြောနေကြတာကို ဘုရင့်သမီး အမတော်က ကြားတော့ "ဘုရား..ဘုရား ကလေးနှစ်ယောက် ခုမှမွေးကင်းစ ရှိသေးတယ်။ ဓာတ်တွေ ဘာတွေ ပြောနေကြပါလား။ သူများကြားသွားမှ ရူးနေကြတယ် ထင်ဦးမယ်။ မဖြစ်ချေဘူး" ဆိုပြီး၊ အဲဒီအကြောင်းကို မြတ်စွာဘုရားစီ သွားလျှောက်ထားတော့မှ... ဗုဒ္ဓက အတိတ်ဇာတ်ကြောင်းနဲ့ တကွ လှူတန်းခြင်းရဲ့ အကျိုးများကို ခုလို ဟောပြောတော် မူခဲ့ပါတယ်...

လှူတန်းခြင်း၏ အကျိုးများ
- ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊
-သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ ဂုဏ်သတင်း ကျော်ကြားခြင်း၊ ပရိသတ်အလယ်၌ ရဲရင့်ခြင်း
-သေလွန်သော အခါ၌ သုဂတိသို့ ရောက်ရှိခြင်း
-ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသော အကျိုးကျေးဇူးများ ခံစားရ၏။

လှူတန်းခြင်း (၃)မျိုး
-မိမိ၏ ပိုင်ဆိုင်သော ပစ္စည်းဒါန၊
-မိမိတတ်ထားသော လောကီအတတ်ပညာကို သင်ကြား ပေးလှူခြင်းဒါန၊
-မိမိသိထားသော လောကုတ္တရာဆိုင်ရာ ဓမ္မအသိကို ပေးလှူခြင်းဒါန၊

ဗုဒ္ဓအလိုကျ ဒါနပြုနည်း....
၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာ လှူခြင်း၊
၂။အလှူခံပုဂ္ဂိုလ်အား ရိုရိုသေသေလှူခြင်း၊
၃။အလှူခံပုဂ္ဂိုလ်၏ လိုအပ်မှုကို လှူခြင်း၊
၎။လှူပြီး ၀တ္ထုကို မနှမျှောခြင်း၊
၅။မိမိအလှူကြောင့် အခြားသူတို့အား မထိခိုက်ခြင်း။

လှူတန်းပုံ (၈) မျိုး
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၎။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ (မစားရသူ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကို ပေးလှူသည်ရှိသော် ကောင်းသော ကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။

ကာလဒါန ( ၅ ) ပါး
၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊
၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊
၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိုလှူခြင်း၊
၎။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊
၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီးဦးတို့ကို လှူဒါန်းခြင်း။

အလှူခံပုဂ္ဂိုလ် (၁၄)ဦး
(၁)တိရစ္ဆာန်
(၂)သီလမရှိသော ပုဂ္ဂိုလ်
(၃)သီလရှိသော ပုဂ္ဂိုလ်
(၄)ဈာန်ရ ပုဂ္ဂိုလ်
(၅)သောတပတ္တိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၆)သောတပတ္တိဖလဠာန် ပုဂ္ဂိုလ်
(၇)သကဒါဂါမိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၈)သကဒါဂါမိဖလဠာန် ပုဂ္ဂိုလ်
(၉)အနာဂါမိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၁၀)အနာဂါမိဖလဠာန် ပုဂ္ဂိုလ်
(၁၁)အရမာတ္တမဂ္ဂဠာန် ပုဂ္ဂိုလ်
(၁၂)အရမာတ္တဖလဠာန် ပုဂ္ဂိုလ်
(၁၃)ပစ္စေက ဗုဒ္ဓါ
(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။

အကျိုးကြီးသော ဒါနဖြစ်ရန် - အလှုရှင်ဘက်မှ ရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာ ကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိခြင်း

အလှူခံဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၂) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၃) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း

အပြည့်အစုံအားဖြင့်-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

မောင်.....ပြောပြပါနော်

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့... အခန်းတစ်ခန်းမှာ ကောင်လေးက နောက်ကခုံမှာ အရှေ့မှာက စာသိပ်ကြိုးစားတဲ့ ကောင်မလေး တစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက် ကိုယ့်စာ ကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့ နောက်က ကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ ပုံစံနဲ့ မိန့်မိန့်ကြီး.... ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကို မဖြေတတ်လို့ အခက်တွေ့နေတယ်... ကောင်မလေးက ဂုဏ်ထူးတွေ ဘာတွေ မှန်းထားတာ ဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀လောက်ပဲ ကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့ နောက်က ကောင်လေးကို လှည့်ပြီး တိုးတိုးလေး မေးတယ်....
““ ဟေ့.....နံပါတ်(၅) ပြောပြကြည့်““
အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေး ပြန်ပြောတယ်...
““ မောင်လို့ခေါ်ရင် ပြောမယ် ””
ကောင်မလေး စိတ်အရမ်းဆိုး သွားတယ်... အဒါနဲ့ သူ့ရှေ့က ကောင်မလေးကို မေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ မျက်စိတောက်ထောက် ကြည့်နေတာ နာရီကြည့်တော့ မိနစ်၃၀ လောက်ပဲ ကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးက စိတ်ကိုလျှော့ပြီး အသံလေး ချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော် ””
ကောင်လေးကလည်း ပြန်ပြောရှာပါတယ်...
““ မောင်လို့ ခေါ်ရင်ပြောမယ် ””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေး ခေါက်လိုက်တယ် မပြောချင်နေကွာ ဆိုပြီး တင်းခံပြီး စဉ်းစားနေတယ် မရဘူး.. နာရီကိုတစ်ခေါက် ထပ်ကြည့်တော့ ၂၅မိနစ်ပဲ ကျန်တော့တယ်... အဲဒါနဲ့ ကောင်မလေးက စဉ်းစားတယ် သူ့ကို မောင်လို့ တစ်ခါခေါ်လိုက်ရင် ကိုယ်က ဘာဖြစ်သွားမှာ ကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါစာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး နောက်လှည့် ပြီး...
““ မောင်.............”” လို့ခေါ်လိုက်တယ် ကောင်လေးက ပြုံးပြီး တိုးတိုးလေး ပြန်ပြောတယ်...
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက် ဆူသွားတယ် စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ... ဒါပေမယ့် စာရဖို့က အရေးကြီး နေတော့.. အသံကို မနဲချိုပြီး..
““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာ ကောင်လေးက အနောက်ကနေ ကပ်ပြီး ပြန်ပြောလိုက်တာက..
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

လောကီလူသား၊ လူအများတွင်၊ လှည့်ဖျားလိမ်လည်၊ ဉာဏ်နီဉာဏ်နက်၊ ကျင့်ပျက်သူ၊ လွန်ပေါထူ၍၊ တွေးယူတွက်ဆ၊ ပြောသမျှကို၊ မုချအမှန်၊ ဖြစ်လေတန်ဟု၊ ဧကန်မမှတ်၊ မယုံအပ်ပေ၊ ယုံမိချေက၊ ပျက်ကြွေဥစ္စာ၊ ဒုက္ခဖြာသည်၊ မကွာသတိ ရှိစေတည်း။
 

နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ

ဒီဆောင်းပါးလေးဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။ ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ့ အလေ့ ရှိကြပါတယ်။ ရေအေး (ရေခဲရေ သောက်သုံးလေ့) မရှိကြပါဘူး။ ခုချိန်မှာတော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကို ကျွန်တော်တို့တွေ ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး ကတော့ ထမင်းစား ပြီးတော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေက နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ်အဖြစ် တုံ့ပြန်ပြီးတော့ အဲတာတွေကို ဖြိုခွဲပြီးတော့ အူနံရံ တွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာတွေဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာတွေဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ (အရေးကြီးတဲ့ နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး) သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေ အားလုံးမှာ ဘယ်ဖက် လက်မောင်းကိုက် ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။) (နှလုံးခုန် ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ပထမ ရင်ဘတ်နာခြင်းကို ခံစားရမယ်။ ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။ ၆၀ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့ သူတွေဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီးတော့ သတိထားရမှာပါ။ အဲတာက ကျွန်တော်တို့ ဆက်လက် အသက်ရှင် ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။
(နှလုံးရောဂါအထူးကု တစ်ယောက်က ပြောတာက ဒီစာ ကိုဖတ်မိသူတစ်ယောက်ကနေ ပြီးတော့ နောက်ထပ် ၁၀ယောက် ကို ဆက်ပေးပို့မယ်ဆိုရင် သင်နဲ့  ကျွန်ုပ်တို့ ဟာ အနဲဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပါ။ ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်းကို ကယ်ဆယ်ခြင်းမျိုး ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကိုဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့ ပေးပို့ဖြစ်အောင်ပို့ပေးလိုက်ပါနော်။)
 

Saturday, November 28, 2009

Confusing Chinese Names

Caller : Hello, can I speak to Annie Wan (anyone)?


Operator : Yes, you can speak to me.


Caller : No, I want to speak to Annie Wan (anyone)!


Operator : You are talking to someone! Who is this?


Caller : I'm Sam Wan (Someone). And I need to talk to Annie Wan (anyone)! It's urgent.


Operator : I know you are someone and you want to talk to anyone! But what's this urgent matter about?


Caller : Well... just tell my sister Annie Wan (anyone) that our brother Noel Wan (no one)has involved in an accident. Noel Wan (no one)got injured and now Noel Wan (no one) is being sent to the hospital. Right now, Avery Wan (everyone) is on his way to the hospital.


Operator : Look if no one was injured and no one was sent to the hospital, then the accident isn't an urgent matter! You may find this hilarious but I don't have time for this!


Caller : You are so rude! Who are you?


Operator : I'm Saw Lee (Sorry).


Caller : Yes! You should be sorry. Now give me your name!!


Meaning of Countries

H.O.L.L.A.N.D - Hope Our Love Lasts And Never Dies.

I.T.A.L.Y - I Trust And Love You.

L.I.B.Y.A - Love Is Beautiful, You Also.

F.R.A.N.C.E - Friendships Remain And Never Can End.

C.H.I.N.A - Come Here?. I Need Affection.

B.U.R.M.A - Between Us, Remember Me Always.

N.E.P.A.L - Never Ever Part As Lovers.

I.N.D.I.A - I Nearly Died In Adoration.

K.E.N.Y.A - Keep Everything Nice, Yet Arousing.

C.A.N.A.D.A - Cute And Naughty Action that Developed into Attraction.

K.O.R.E.A - Keep Optimistic Regardless of Every Adversity.

E.G.Y.P.T - E
verything's Great, You Pretty Thing!

M.A.N.I.L.A - May All Nights Inspire Love Always.

P.E.R.U - Phorget (Forget) Everyone... Remember Us.

T.H.A.I.L.A.N.D - Totally Happy. Always In Love And Never Dull.

Mayonnaise ပုလင်းနဲ့ ကော်ဖီ(၂)ခွက်



ကိုနာဂစ်

ကိုနာဂစ်
 
တစ်၊ နှစ် ကိုနာဂစ်
သုံး၊ လေး လွတ်အောင်ပြေး
ငါး၊ ခြောက် ရေထဲရောက်
ခုနစ်၊ ရှစ် မသာဖြစ်
ကိုး၊ တစ်ဆယ် ၀ဋ်ကျွတ်တယ်...။

အလောင်းလေးများ ဖွေးလို့စီ
မြစ်ညှာရိုး တလျှောက်ဆီ...
ရေပေါ်မှာ ဗိုက်ကြီးဖေါင်း...
ငါတို့ ပူစီဖောင်း...။

အစားအစာ၊ ၀ါးစားပါ
အသားပါသလား။
ငါးပါသလား။
ဘီစကစ်ပါသလား။
ဘာပဲပါပါ ထားခဲ့ပါ။

တနင်္ဂနွေ၊ တနင်္လာ
ဗိုက်မှောက် မျှော်နေတာ
အင်္ဂါ၊ ဗုဒ္ဓဟူး
ရောက်လု တစ်ဦးဦး
ကြာသာပတေး၊ သောကြာ
တစ်ယောက်မှ ပေါ်မလာ
စနေမှာ သေချာသွား
ဘယ်သူမှ မလာအား...။
 

ခေါ်သံ

ခေါ်သံ

ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊ လ၊ ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှာ
သည်တခဏလေးကို
ငါ... ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။

ကိုယ့်ရှေ့မှာ...
ကိုယ့်နောက်မှာ...
ကိုယ့်ဘေးပတ်လည်မှာ...
စိတ်မရှည်တဲ့ မျက်နှာနဲ့...
လူတွေဟာ လူတွေဟာ...
ခေါ်သံကိုသာ နားစွင့်နေကြတယ်။

တယောက်ပြီး တယောက်
အလှည့်ရောက်ရင် မနွဲ့စတမ်း...
တလှမ်းချင်းလျှောက်
သူ့ရှေ့မှောက်ကို...
ရွံ့ကြောက်မှုတွေ ကိုယ်စီနဲ့လေ။

ဟော...
ငါ့နာမည်ကို ခေါ်သံပါလား...
ရင်ခုန်သံတွေ
ဆူညံလာတယ်...
ခြေဖျား၊ လက်ဖျားတွေ
အေးစက်လို့ လာတယ်...
နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။

ရှောင်လွဲလို့မရတဲ့...
သည်ခဏ အချိန်လေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြှားတံတွေက
ငါ့... နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။

အဆုံးမတော့...
ငါဟာ... တုန့်ဆိုင်းလေးလံနေတဲ့
ခြေလှမ်းတွေနဲ့ပဲ...
သူ့ရှေ့မှောက် အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။

ကမ္ဘာလောကကြီးက
အသံဗလံတွေ အားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း....
ငါ... ထင်လိုက်မိပါရဲ့။

ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့...
မေးခွန်းထုတ်လိုက်တယ်...


“အခွန်ဆောင်မှာလား၊ သက်တမ်းတိုးမှာလား”... တဲ့။
:D :D :D :D :D
 

မလိမ်ရဘူးနော်

မှန်မှန်ဖြေ။ မလိမ်နဲ့နော်။ အမှန်တရားကို ပြောလိမ့်မယ်။ စာရွက်ပေါ်မှာ အဖြေကို ရေးပါ။ အဖြေကို အောက်မှာ ပေးထားပါတယ်...

မေးခွန်း

၁။ မင်းရဲ့ အကြိုက်ဆုံးအရောင် က အနီ၊ အနက်၊ အပြာ၊ အစိမ်း၊ အ၀ါ ? (တခုခု ရွေးပါ )
၂။ မင်းနာမည်ရဲ အစစာလုံးက ဘာလဲ?
၃။ မင်းမွေးတဲ့လ?
၎။ မင်း အဖြူရောင်၊ အနက်ရောင် ဘယ်အရောင်ကို ပိုကြိုက်သလဲ?
၅။ မင်းအချစ်ဆုံးလူရဲ့နာမည် (မိမိနှင့် အမျိုးတူသောသူ တွက်သူသည်မိန်းကလေးဖြစ်ရင် မိန်းကလေးနာမည် ဖြစ်ရမည်။ တွက်သူသည် ယောင်္ကျားလေးဖြစ်ရင် ယောင်္ကျားလေးနာမည်ဖြစ်ရမည်)
၆။ မင်းအကြိုက်နှစ်သက်ဆုံး နံပါတ် (ကိန်းဂဏန်း) ?
၇။ မင်းလေယာဉ်မောင်းရတာကိုကြိုက်လား  ။ကားမောင်းရတာကိုကြိုက်လား?
၈။မင်း ရေကန် ကိုကြိုက်လား ။ ပင်လယ်ကိုကြိုက်လား?
၉။ မင်းဖြစ်ချင်တဲ့ဆန်န္ဒကိုရေးပါ?

အဖြေ

၁ မေးခွန်းရဲ့အဖြေများ
အနီ - မင်းဟာတက်ကြွတယ် ။ မင်းရဲ့ဘ၀ဟာ အချစ်တွေနဲ့ ပြည့်နေမယ်။
အနက် - မင်းဟာ လွတ်လွတ်လပ်လပ် နေရတာကြိုက်တယ်။ မင်းဟာ ရန်လိုတယ်။
အစိမ်း- မင်းဟာ အေးအေးဆေးဆေး နေတတ်တယ်။ ဘယ်တော့မှ မပူပင်ဘူး။
အပြာ -မင်းဟာ သဘာဝဆန်တယ်။ မင်းဟာ မင်းချစ်တဲ့သှူဆီက အနမ်းကို နှစ်သက်တယ်။
အ၀ါ-မင်းဟာ ပျော်ရွင်တတ်တယ်။ သူများတွေ အကူအညီတောင်းရင် ကောင်းတဲ့ အကြံအညဏ်တွေ ပေးနိင်တယ်။

၂ မေးခွန်းရဲ့အဖြေများ
မင်းရဲ့နာမည်က A _ K  အတွင်းဆိုရင်  မင်းရဲ့ဘ၀မှာ ချစ်သူတွေ။ သူငယ်ချင်းတွေ အများကြီးရှိမယ်။
မင်းရဲ့နာမည်က L _ R  အတွင်းဆိုရင် မင်းရဲ့ဘ၀မှာ ပျော်ရွင်ဖို့ မင်းကိုယ်တိုင်လုပ်ရမယ်၊ မင်းဖြစ်ချင်တဲ့ ဘ၀မကြာခင် ဖြစ်လာမယ်။
မင်းရဲ့နာမည်က S _ Z  အတွင်းဆိုရင်   မင်းက သူများကို ကူညီရတာ ကြိုက်တယ်၊ မင်းရဲ့အနာဂတ် အချစ်ခရီးလမ်းက အရမ်းကောင်းတယ်။

၃ မေးခွန်းရဲ့ အဖြေများ
Jan _ Mar  ဒီနှစ်ဟာ မင်းအတွက် အားလုံးကောင်းတယ်။ မင်းအရမ်း ချစ်တဲ့သူကို မမျော်လင့်ဘဲ တွေ့လိမ့်မယ်။
April _June: မင်းအ၇ူအမူး အချစ်နဲ့ တွေ့လိမ့်မယ် ဒါပေမယ့် အချိန်ကြာကြာတော့ မဟုတ်ဘူး၊ ဒါပေမယ့် မင်းတဘ၀လုံး အမှတ်ရနေမယ်။
July_Sep :  ဒီနှစ်ဟာ မင်းအတွက် အလွန်ကောင်းတယ်၊ မင်းဘ၀မှာ ကောင်းတဲ့ ပြောင်းလဲမှုတွေကို တွေရလိမ့်မယ်။
Oct _ Dec : မင်းကြိုက်တဲ့ ဘ၀က သိပ်အကောင်းကြီးတော့ မဟုတ်ဘူး၊ ဒါပေမယ့် မင်းလို့ချင်တဲ့ ဘ၀မျိုးကို မင်းရမယ်။

၎ မေးခွန်းအဖြေများ
အနက် - မင်းဘ၀မှာ မတူညီတဲ့ လမ်းတွေ ကိုသွားရမယ် ၊ အဲ့ဒီလမ်းတွေကို သွှားတဲ့အချိန် မှာ မင်းအတွက် အခက်အခဲတွေ တွေ့မယ်။
ဒါပေမဲ့ ဒါတွေဟာ မင်းအတွက် ကောင်းတယ်၊ မင်းဟာ ပြောင်းလဲမူတွေကို လက်ခံလာနိုင်မယ်။
အဖြူ - မင်းသူငယ်ချင်းက သူ့လျို့ဝှက်ချက်တွေကို ထုတ်ပြောရလောက်အောင် မင်းကိုယုံကြည်မယ်။ မင်းအတွက် ဘာမဆို လုပ်ပေးလိမ့်မယ်၊ မင်းက ဒါကိုမယုံနိုင်ဘူး ဖြစ်နေမယ်။

၅ ရဲ့အဖြေများ
ဒီလူဟာမင်းရဲ အချစ်ဆုံးသူငယ်ချင်း ဖြစ်တယ်။

၆ ရဲ့အဖြေများ
ဒါက မင်းရဲ့ အရမ်းခင်တဲ့ သူငယ်ချင်း အရေအတွက် ဖြစ်တယ်။

၇ ရဲ့အဖြေများ
လေယာဉ် - မင်းဟာစွန့်စားရတာကိုကြိုက်တယ်။
ကား  -  မင်းဟာအေးအေးသမားဖြစ်တယ်။

၈ ရဲ့အဖြေများ
ရေကန် -မင်းဟာသူငယ်ချင်းတွေ နဲ့ ချစ် သူ ကိုထောက်ပံ့ပေးတယ်။
မင်းဟာသူများကိုဦးစားပေးတယ်
ပင်လယ်- မင်းဟာသဘာဝကျ ကျနေတယ် ၊ လူတွေကို ကျေနပ်နှစ်သိမ့်မှူတွေ ပေးတယ်။

၉ ရဲ့အဖြေများ
လူငါးယောက်ကို တစ်နာရီအတွင်း ဒီမေးကို ပို့ရင် ဒီအကြောင်းအရာတွေ မှန်မယ် လိုချင်တဲ့ ဆုတောင်းတွေ ပြည့်မယ်။
လူဆယ်ယောက်ကို ပို့ရင် နောက်လာမဲ့ မွေးနေ့ မရောက်ခင် ဆုတောင်းပြည့်မယ်...

*** ဟုတ်မဟုတ်... အာမ မခံဘူးနော်... :P အပျင်းပြေပေါ့... :D

ဘယ်လို ချစ်သူလေးမျိုးနဲ့ တွေ့နိုင်မလဲဆိုတာ

ခင်ဗျားတို့ ဘယ်လို ချစ်သူလေးမျိုးနဲ့ တွေ့နိုင်မလဲဆိုတာ ... စိတ်ဝင်စားကြမှာဘဲနော်... အိုကေ... ဒါဆိုရင်... ကျွန်တော်... မေးခွန်းလေးတွေမေးမယ်... multiple choice... ပေါ့... one ... two ... three ... ရွေးရုံလေးပါ ... ပြီးရင် ... အမှတ်ပေးမယ်... အားလုံးပေါင်း ... မေးခွန်း ခြောက်ခုပေါ့... အမှတ်တွေ ပေါင်းပြီးရင်... ကိုယ်ဘယ်လို ချစ်သူမျိုး... ရနိုင်မလဲ... သိကြရမယ်... ကဲ... စလိုက်ကြရအောင်...

၁။ သင်လိုချင်တဲ့ ချစ်သူရဲ့ ရုပ်ရည်သွင်ပြင် ...
... one ... သိတ်ချော သိတ်လှရမယ် ...
... two ... ကြည့်ကောင်းရင်ပြီးတာပါဘဲ...
... three ... ဒါတွေက အရေးမကြီးပါဘူး...

၂။ သင်လိုချင်တဲ့ ချစ်သူရဲ့အရည်အချင်း ...
... one ... ဘာမဆိုစွမ်းဆောင်နိုင်ရမယ်
... two ... အေးချမ်းတဲ့ ဘ၀လေး ဖန်တီးနိုင်တယ်
... three ... ကိုယ့် အတွက် အမြဲတမ်း hero ပေါ့

၃။ ဒီလိုဖြစ်နေစေချင်တယ်...
... one ... အမြဲတမ်း ကိုယ့်အတွက် အဆင်သင့်
... two ... ဘာဘဲဖြစ်ဖြစ်လေ နားလည်ပေးရမှာပေါ့
... three ... စိတ်ချင်းဆက်နေတယ်

၎။ သူ့ရဲ့မိသားစု နဲ့ ယှဉ်ရင်...
... one ... ကိုယ်က နံပါတ်စဉ် တစ်ပေါ့
... two ... ဟိုဘက် ဒီဘက် ညီညီမျှမျှပေါ့
... three ... နားလည်ပေးရမှာပေါ့လေ

၅။ သူနဲ့လက်ထပ်ဖြစ်ပြီးရင်တော့...
... one ... တိုက်ကြီးကြီး ကားအကောင်းစားကြီးနဲ့နေချင်တယ်
... two ... သီးသီးသန့်သန့် အေးအေးချမ်းချမ်းလေး နေချင်တယ်
... three ... မိဘတွေနဲ့အတူတူပေါ့

၆။ လက်ထပ်ပြီး ရေရှည်မှာ...
... one ... အရင်လိုဘဲ ကိုယ့်ကို ဦးစားပေးရမှာပေါ့
... two ... သူ့ဦးဆောင်မူ့ အောက်မှာဘဲနေတော့မယ်လေ
... three ... ညှိညှိနိုင်းနိုင်းနဲ့ နေကြရမှာပေါ့

... one... ကိုရွေးရင်... တစ်မှတ်... two... ကိုရွေးရင်... နှစ်မှတ်.. three ... က သုံးမှတ်ပေါ့... မေးခွန်း ၆ ခု စလုံး က အမှတ်တွေကိုပေါင်း... ပြီးရင် ... ဘယ်နှစ်မှတ် ရသလဲ ... ပြောပြ... ပြီးရင်... အဖြေ ပြောပြမယ်...

အဖြေတွေက ( ၃ ) မျိုးပါ
၁။ ၈ မှတ် အောက်
၂။ ၈ မှတ်နဲ့ ၁၂ မှတ်ကြား
၃။ ၁၃ မှတ်နဲ့ အထက်

၁။ ၈ မှတ်အောက်ရသူတွေ 
သူတို့ဟာ တစ်ကိုယ်ကောင်းဆန်ပြီး နဲနဲလောဘ ကြီးတတ်တဲ့ ချစ်သူမျိုးနဲ့ ဆုံရတတ်ပါတယ်တဲ့... အတ္တလဲကြီးတတ်ကြတယ် ... မိမိသာ ပထမ ချစ်သူက ဒုတိယလို့ သဘောထား တတ်ကြသူတွေ လိုမျိုးပေါ့... ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုသာ ရှေ့တန်းတင် တတ်ကြပါသတဲ့... လက်တွေ့ဆန်သူ များလို့လဲ ပြောရင်ရမလားပေါ့ ... ... ကိုယ်ရမယ့် ချစ်သူရဲ့ ပုံစံကို ပြောတာ...

၂။ ၈မှတ် နဲ့ ၁၂မှတ် ကြား
သူတို့တွေကတော့ မှန်လိုချစ်သူမျိုး ရတတ်ကြပါတယ်တဲ့... ကိုယ်ပြုံးရင် ပြန်ပြုံးပြမယ်.. ကိုယ်မဲ့ရင် ပြန်မဲ့ပြမယ်ပေါ့ ... အရမ်းလဲ ကိုယ့်အပေါ်မဆိုးသလို... သိတ်ပြီးတော့လဲ... မကောင်းပြန်ဘူး ... အဓိက ကတော့ ကိုယ်ပေးနိုင် သလောက်ဘဲ ... ပြန်ရမယ့် ချစ်သူမျိုးပေါ့... အရမ်းတော့လဲ မျှော်လင့်ချက်ထားလို့ မရတတ်ဘူး ...

၃။ ၁၃မှတ် နဲ့ အထက်
မိတ်ဆွေ ခင်ဗျား အရမ်းကို ပျော်လိုက်ပါတော့... ကံကောင်းခြင်းတွေနဲ့ အတူ .. ချစ်သူတစ်ယောက် ခင်ဗျားဆီကို... ရောက်လာပါလိမ့်မယ် ... မိတ်ဆွေ... အစစ အရာရာ သည်းခံတတ်... အနစ်နာခံ တတ်တဲ့ချစ်သူ ... ခပ်သိမ်းသော... အရာအားလုံးထက်... ပိုပြီး... ကိုယ့်ကို ချစ်မယ့် သူ တစ်ယောက်...
မိတ်ဆွေ ... ရနိုင်ပါလိမ့်မယ်... နေရောင်ခြည်ကဲ့သို့... ကိုယ်ဘ၀ကို .. နွေးထွေးစေမယ့် ချစ်သူမျိုးပေါ့ .. ခင်ဗျားရဲ့ ဘ၀တစ်လျှောက်လုံးမှာ... ဂရုတစိုက်နဲ့... စွဲစွဲနစ်နစ်နဲ့... သူက... ခင်ဗျားကို ချစ်သွား ပါလိမ့်မယ်...

တန်ဖိုးထား မြတ်နိုးပါ

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။ နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက် လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ ရတဲ့အတွက် ကျေးဇူးဆပ် ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန် ပစ္စည်းတွေ အများအပြား ရှိတယ်။ ဘာမှ လိုလေသေး မရှိဘူး ဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ် တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်၊ တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့ အသားကို မစားပါနဲ့။ သူ့အသားကို စားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည် လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက် ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ် သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့ အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကို ကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာ ကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံ တစ်ကောင်က "စားချင်ရင် ကိုယ်တိုင် သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော်.. မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွား ကောက်ခိုင်းတာ သေခိုင်းတာနဲ့ အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်း နေလို့ ငါ့ကို
သေကြောင်းကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့် ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်း သောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင် နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင်  ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံ လုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက် ရှောင်မလို့.. ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံး ချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။
"တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ"
ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကို ကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ် နေတတ်တယ်။ ကြုံရဖန် များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကို အဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ် သတ်သေတယ် ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ် အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာ အကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ် အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့ မရဘူး။ လူတွေလို ကိုယ့်ကိုယ် အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကို နားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာ ပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက်တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က "နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ် ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့ အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့ နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့် လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။

"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။
အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်း ထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲ လျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေး နှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....

ဟာသသီချင်များ ၂

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစန္ဒာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်....
မျိုးကြီး ..မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO        နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
စိုးစနာထွန်း မနှောင်းသေးပါဘူး...မဟောင်းသေး ပါဘူး အချစ်ရေ.....

Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗိုလ် ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်.....
ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင်             လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ..... ....

ဖြိုးကြီး          ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ..........
ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

ခင်ဖုန်း       မင်းကြောင့် မင်းကြောင့် ပါနော်.......
စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........

သီရိဆွေ                  နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စနရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........

သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ    ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော် နော့်.....

ဖိုးသောကြာ       ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက ပြောတာလား.........

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း မသက်သာဘူးဟေ့.......
မေခလာ      ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........

ပန်းအိဖြူ နေညိုချိန် တိမ်တောက်တဲ့ခါ ရွာလမ်းနဘေးမှာ.... စာဥတို့ သူငယ်ချင်းမတွေ ရေခပ် ဆင်းလို့လာ......
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး        ကိုကိုယောင်္ကျားမဟုတ်ဘူး.....
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.....