ချစ်ခြင်းမေတ္တာ
လူတစ်ယောက် ပျော်ရွှင်တဲ့အခါ
သူ.အတွက် ပျော်ရွှင်ရမယ် ။
လူတစ်ယောက် ၀မ်းနည်းတဲ့အခါ
သူ.အတွက် ၀မ်းနည်းရမယ် ။
ကောင်းတဲ့အချိန်မှာလည်း အတူတူ
ဆိုးတဲ့အချိန်မှာလည်း အတူတူ
ချစ်ခြင်းမေတ္တာဆိုတာ စွမ်းအားရဲ့
အရင်းခံ အကြောင်းပါပဲ ။
အချိန်တိုင်းမှာ သင်ကိုယ်တိုင်ရိုးသားရမယ် ။
အခြားသူများ အပေါ်မှာလည်းရိုးသားရမယ် ။
ပြောတာ ၊ နားထောင်တာ ၊ အမှန်တရားကိုလေးစားတာ ၊
ဘယ်အခါမှ ဟန်မဆောင်တာ ၊
ချစ်ခြင်းမေတ္တာဟာ အမှန်တရားရဲ့
အရင်းခံအကြောင်းပါပဲ ။
အခြားလူတစ်ဦးရဲ့ အစိတ်အပိုင်းအဖြစ်
ခံစားတတ်ရမယ် ။
အပြည့်အစုံ နားလည်မှုရှိပေးရမယ် ။
ဘယ်တော့မှ အပြောင်းအလဲ မရှိတဲ့သူအဖြစ် လက်ခံရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ ညီညွတ်ခြင်းရဲ့
အရင်းခံအကြောင်း ပါပဲ ။
ကိုယ့်ဆန္ဒ ပြည့်ဝဖို့ လွတ်လပ်ခြင်းဟာ လိုပါတယ် ။
အခြားသူနဲ့ အတွေ.အကြုံချင်းဖလှယ်ရမယ် ။
ဖွံ.ဖြိုးမှုမှာ အတူတကွရှိရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ အောင်မြင်မှုရဲ့
အရင်းခံအကြောင်းတရားပါပဲ ။
အတူတကွ စီမံတဲ့အခါ
အတူတကွ ပြုမှုဆောင်ရွက်တဲ့အခါ
ချစ်ခြင်းမေတ္တာဟာ အနာဂတ်ရဲ့
အရင်းခံ အကြောင်းပါပဲ ။
မုန်တိုင်းထန်တယ် ။
သက်တန့်ရောင်မှာ ငြိမ်းချမ်းတယ် ။
ချစ်ခြင်းမေတ္တာဆိုတာ စိတ်အဟုတ်ဇောရဲ့
အရင်းခံ အကြောင်းပါပဲ ။
နေ့စဉ်အခြေအနေမှာ ပေးဆပ်ခြင်း ၊ ရယူခြင်းရှိရမယ် ။
အခြားလူများရဲ့ လိုအပ်ချက်တွေ ၊
ဆန္ဒတွေ အပေါ်စိတ်ရှည်ရမယ် ။
ချစ်ခြင်းမေတ္တာဆိုတာ
မျှဝေခြင်းရဲ့ အရင်းခံကြောင်းပါပဲ ။
အခြားသူ အကြောင်းသိရမယ် ။
ဘာပဲဖြစ်ဖြစ် ဂရုမထားပဲ
သင်နဲ့အတူရှိနေပါစေ ။
အဝေးမှာ ရှိနေပေမဲ့
နှလုံးသားမှာ အချိန်တိုင်း
နီးနေပါစေ ။
ချစ်ခြင်းမေတ္တာဆိုတာ
လုံခြုံမှုရဲ့ အရင်းခံအကြောင်းပါပဲ ။
ချစ်ခြင်းမေတ္တာဆိုတာ
ဘ၀ရဲ့ အရင်းခံအကြောင်းပါပဲ ။ ။
ဦးသန်းထွတ်
(ပါမောက္ခ-ငြိမ်း)
No comments:
Post a Comment