GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့ သမီးရည်းစားနှစ်ယောက် ရှိတယ်တဲ့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် အရမ်းကိုချစ်ကြတာတဲ့... ဒါပေမယ့်တနေ့တော့ ကောင်မလေးက ကောင်လေး ဆေးသုံးစွဲတာကို သိသွားတော့ အစပိုင်းတော့တားတာပေါ့.. နောက်ဆုံးမရတော့ ဆေးကိုဖြတ်မလား ကောင်မလေးကို အဆက်သွယ်ဖြတ်မလား လို့မေးတော့ ကောင်လေးက အလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ ပြောလိုက်တယ်...
အဲဒါနဲ့နောက်လဲကျရော သူတကယ်ဆေးကို မဖြတ်မှန်းလဲသိရော ကောင်မလေး က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့ တွဲပြလိုက်တယ်... အရမ်းချစ်ကြတဲ့ ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီး ကောင်မလေးကို ပြန်တောင်းပန်ပြီး.. ဆေးကိုဖြတ်ပါ့မယ့်လို့ ဂတိပေးလိုက်တယ်.. ဒါပေမယ့် တနေ့မှာ သူတို့တွေ့နေကြ နေရာလေးမှာ ကောင်လေးက ကောင်မလေးကို ဆေးကြောင် ကြောင်ပြီး သတ်ပစ်လိုက်တယ်...
ကောင်မလေးကိုယ်က သွေးတွေက သူအင်္ကျီမှာပေကုန်တယ်.. ပြီးတော့မှ ကောင်လေးလည်း သတိပြန်ဝင်လာတော့... သူလက်လွန်သွားမှန်း သိတော့တယ်... ကောင်မလေးအလောင်းကို အဲသည့်နေရာမှာပဲ မြုပ်ခဲ့ပြီး ပြန်သွားတယ်... လူကလည်းရှင်းနေတာကိုး အိမ်ပြန်ရောက်တော့ ကောင်လေးက မောမောနဲ့ အိပ်ပျော်သွားတယ်...
အဲဒါနဲ့ အိပ်နေရင်းနဲ့ အိမ်မက်မက်တယ် ကောင်မလေးက နင့်အကျီက သွေးတွေကို ပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ်လို့ ပြောတယ်.... အဲဒါနဲ့ ကောင်လေးလဲ အိမ်မက်က လန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်ချောက်ခြားနဲ့ ချက်ခြင်း သွားလျှော်တယ်...
ဒါပေမယ့် ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်းမှာ ကောင်မလေးရဲ့ ၀ိညာဉ် ကပေါ်လာပြီး သူဆီကို တစ်လှမ်းခြင်း တစ်လှမ်းခြင်း လျှောက်လာတယ်... ကောင်လေးကလဲ ကြောက်အားလန့်အားနဲ့ အတင်းအကျီကိုပဲ သွေးပျောက်အောင် လျှော်တာပေါ့.... ဒါပေမယ့် မပျက်ဘူး ကောင်မလေးက တဖြည်းဖြည်းနဲ့ နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်.... ကောင်လေးလဲ လန့်နေတာပေါ့... ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူး မဟုတ်လားတဲ့... ဘယ်ဖျက်လို့ ရပါ့မလဲတဲ့.... နင်က....

^
^
^
^
^
^
^
အိုကီဆပ်ပြာမှုန့် မှမသုံးတာကိုးတဲ့... :P
No comments:
Post a Comment