ကောင်းသောနေ့လေးပါနော်...

ကောင်းသောနေ့လေးပါနော်...

Friday, November 27, 2009

တွေးတွေးပြီးရယ် ၂

1.၀မ်းနည်းပါတယ်

"ဘူတာရုံကိုသွားဖို့ အတိုဆုံးလမ်းကို ကျေးဇူးပြုပြီး ညွန်းပြစေချင်ပါတယ်"

"၀မ်းနည်းပါတယ် ၊ မပြနိုင်ပါဘူး"

" အော် ၊ ခင်ဗျားက ဒီအရပ်က မဟုတ်ဘူးနဲ့ထင်တယ်"

"ဒီအရပ်သားပါပဲ ၊ ဒါပေမယ့် ကျွန်တော်က တက္ကဆီသမားပါ"

2.ပိန်ဆေး

"ဂျင်နီ ၊ ယူ့ယောင်္ကျား အတော့်ကို ပိန် သွားပါလား ၊ ဘာဆေးသောက်သလဲ"

"ဘာဆေးမှ မသောက်ပါဘူး ၊ နေ့တိုင်းငါးသွားမျှားတယ်"

"ငါးမျှားတာနဲ့ ပိန်တာ ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ ၊ သူက သူမျှားလို့ ရတဲ့ငါးနဲ့မှ ထမင်းစားတာလေ"


3.မတွန်းနဲ့

ဘတ်စ်ကားပေါ်တွင်

"ခင်ဗျား ကျွန်တော်ကို ချည်းဘာဖြစ်လို့ တွန်းနေရတာလဲဗျာ"

"ကားက ဒီလောက်ကျပ်နေတဲ့ ဥစ္စာ လူရွှေးတွန်းနေရအုန်းမှာလား ဗျ"

4.ဆေးကောင်း

အလုပ်သင်ဆရာဝန်မှ ၀ါရင့်သမားတော်ကြီးအား မေးသည်။

"ဒေါက်တာခင်ဗျာ ၊ ချောင်းဆိုးရောဂါအတွက် ၊ ဘာဆေးညွန်းပေးလေ့ ရှိပါသလဲဗျာ"

"၀မ်းနှုတ်ဆေး"

"ဘာ ၊ ဘာ ၀မ်းနှုတ်ဆေး ၊ ဟုတ်လား ၀မ်းနှုတ်ဆေးက ချောင်းဆိုးတာကို သက်သာစေလို့လားဗျာ"

"၀မ်းနှုတ်ဆေးစားထားတဲ့ လူတစ်ယောက်က တော်ရုံ ၊ တန်ရုံနဲ့ ဘယ်ချောင်းဆိုးရဲတော့မလဲ  စဉ်းစားကြည့်စမ်းပါ"

5.ငါမဟုတ်ဘူး

သစ်ခုတ်သမား နှစ်ဦးသည် အိမ်တစ်အိမ်၏ ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။

"နေကောင်းရဲ့လား ၊ ဂျက်"

"ကောင်းတယ် ၊ သူငယ်ချင်းတို့"

"ငါနဲ့ အယ်ဒီနဲ့ အခုပဲတောထဲမှာ လူသေ အလောင်းတစ်လောင်း တွေ့ခဲ့တယ် ၊ ငါတို့က သေတဲ့သူက မင်းထင်လို့"

"ဒါနဲ့ သူပုံပန်းက ဘယ်လိုရှိလဲ"

"အရပ်အမောင်းက မင်းအရွှယ်ပဲ"

"ရှပ်အင်္ကျီ အနီရောင်နဲ့လား"

"မဟုတ်ဘူး အညိုရောင်ကွ"

"ဒါဆိုရင်တော့ ငါ မဟုတ်ဘူး"


6.ခေတ်ဆိုး

ဆိုင်တစ်ဆိုင်ကိုဖောက်ခိုးနေသော သူခိုးကို ရဲသားက လက်ပူး လက်ကြပ်မိသွားသည်။

ရဲသား - " မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ"

သူခိုး - "ကျွန်တော်အိမ်နဲ့ နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်က မကောင်းတော့ အိမ်ကိုပစ်ပြီး အကြာကြီး မသွားချင်လို့ပါဗျာ"


7.သိရအောင်ပါ

ဆံရှည်ကိုယ်တော်တစ်ဦး ဆံပင်ညှပ်နေစဉ် ဖြစ်သည်။

လူငယ်"ဆံပင်ညှပ်နေတုန်းမှာ ဘာဖြစ်လို့ ကျွန်တော် နှာခေါင်းကို ကိုင်ထားရတာလဲဗျာ"

ဆံပင်ညှပ်ဆရာ "အော် ဒါလား ၊ မင်းမျက်နှာ ဘယ်ဘက်မှာ ရှိလဲဆိုတာ သိရအောင်လို့ပါ"


8.အရှုံးပေးပါပြီ

ဇိမ်ခံ သင်္ဘောပေးတွင် လိုက်ပါလာလာ ခရီးသည်များအား ဖျော်ဖြေရန် မျက်လှည့်ဆရာတစ်ဦးက မျက်လှည့်ပြသည်။ သင်္ဘောပေါ်မှ ကြက်တူရွှေးသည် မျက်လှည့်ဆရာ မျက်လှည့်ပြသည့် အခါတိုင်း အမျိုးမျိုး ဒုက္ခပေးလေသည်။

"ဖဲချပ်တွေ သူ့လက်ထဲမှာ "

" သူထုပ်ပြတဲ့ ယုန်ုဟာ အစစ်မဟုတ်ဘူး၊ ပလစ်စတစ်" ထိုသို့ မျက်လှည့်စရာ၏ လျို့ဝှက်ချက်များကို ကြက်တူရွှေးက ဖော်ထုတ်နေသည်။မျက်လှည့်စရာလဲ ရှက်ရှက်နဲ့ အောင့်အီးသည်းခံ နေရလေသည်။ တစ်နေ့တွင် သင်္ဘောနစ်မြုပ်ပြီး မျက်လှည့်ဆရာ၊ ကြက်တူရွှေး၊ သစ်သားတစ်ချပ်သာ ရေပေါ်တွင် ကျန်နေ၏။ မျက်လှည့်ဆရာလည်း သစ်သားပြားကို ဆွဲယူကာ ရေပေါ်တွင် ကိုယ်ဖော့နေလေသည်။ ထိုအခါ ကြက်တူရွှေးက" ကျွန်တော် အရှုံးပေးပါပြီခင်ဗျာ၊ ဒါပေမယ့် သင်္ဘောကို ခင်ဗျားဘယ်မှာ ၀ှက်ထားသလဲဆိုတာတော့ ပြောပြစမ်းပါ" ဟုဆိုလိုက်သည်။

9.တစ်ခုပဲ

အိပ်ခန်းအသစ်ရသူကို ရုံးမှ လုပ်ဖော်ကိုင်ဖက်များက ၀မ်းသာ စကားပြောကြသည်။

"အိပ်ခန်းမှာ ဘာချို့ယွင်းချက်တွေ တွေ့လဲဗျ"

"လောလောဆယ်တော့ တစ်ခုပဲ"

"ချို့ယွင်းချက် တစ်ခုတည်း ဟုတ်လား ၊ဒါဆိုကံကောင်းတယ်ဆိုရမယ်၊ ဒါနဲ့
ဘာချို့ယွင်းချက်လဲ"

"အ၀င်တံခါးဖွင့်ကို ဖွင့်လို့ကို မရဘူး"


10.ချစ်သူတွေ ၀ိုင်းဝိုင်းလည်

မိန်းမ-"အပျို ဘ၀တုန်းကများ ကျွန်မကို ပိုးပန်းတဲ့ လူတွေ အများကြီးပဲ ၊ ကျွန်မက အာလုံးကိုငြင်းခဲ့တာရှင့်"

ယောင်္ကျား-"အဲ့ဒီလူစုထဲမှာ ငါမပါတာ ၀မ်းနည်းလိုက်တာ"

*** ဖော်ဝပ်မေးလ်ကပါ။


No comments:

Post a Comment