တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်…. Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့… Where u go? Reclining Buddha. (လျောင်းတော်မူဘုရား)
ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက Yes. Yes. 1500 kyats. Ok. ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်… ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို တစ်ခြားနေရာ ခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲ ဘယ်ရမလဲ ကားသမားကိုဖြဲတာပေါ့...... (ပါးစပ်) ခင်ဗျားက ဘယ်ကို ခေါ်သွားတာလဲဆိုတော့… ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့ ရန်ကုန်ဘူတာကြီးကို ခေါ်သွားလိုက်တာလေတဲ့…. ကောင်းပါလေ့… ကောင်းပါလေ့.. လို့ပဲ ပြောလိုက်ရတော့တယ်….
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ…. ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့….. ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့ မနက် စထွက်မယ်ဆိုတော့ မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ… ဒါပေမယ့် ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ.. ကားက တစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိနဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat တိုက်တယ်လို့လဲ ခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း… အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေ ထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင် နိုင်ငံခြားသားကမေးလိုက်တယ်… Are u crazy? အာ ယူ ကလေးစီး… တဲ့.... ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလို လာပွားတော့ တင်းသွားပြီး This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး…. ကနဲနိုးသွားပြီး လိုရာခရီးကို ဆက်သွား ခဲ့ရတယ်လေ…. အဲဒီမှာတင် နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း လူကြီးစီး လူကြီးစီး… ဆိုပြီး ထအော်တော့တာပဲ….
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ အင်္ဂလိပ်စကားကို အရမ်းပြောတက်ချင်တာ… တိုးရစ်ဂိုက်တွေလာရင် သူတို့ပြောတာကြည့်ပြီး အရမ်းကို ပြောတက်ချင်တာပေါ့.. ခင်တဲ့ ဂိုက်တွေကလဲ သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော်…. အဲဒီမှာတင် အားတွေရှိပြီး ပြောချင်နေတော့တာပဲ… ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ် ပြောခိုင်းတယ်…. အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကို မေးလိုက်တယ်….. How much is it? (ဘယ်လောက်လဲ) It is 80$. ဒေါ်လာရှစ်ဆယ် ကျပါတယ်ပေါ့… အဲဒီအထိ ဟုတ်နေတုန်းပဲ… နိုင်ငံခြားသား ဆက်ပြောလိုက်တာက… Oh… very Expensive… အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေး မရောင်းရမှာကို စိုးရိမ်ပြီးတော့ ပြောလိုက်တာက… မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့… ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်…. တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်… Where is toilet? ဆိုတော့… အိမ်သာက တည့်တည့်သွားလို့ မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့ အစ်မကြီးပြောလိုက်တာက… This way… you go. You go and ကွေ့ ကွေ့ go ဆိုပြီး လက်ဟန်ခြေဟန်နဲ့ ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကို တန်းရောက်သွားတယ်တဲ့… သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့…..
No comments:
Post a Comment