ကောင်းသောနေ့လေးပါနော်...

ကောင်းသောနေ့လေးပါနော်...

Friday, November 27, 2009

တွေးတွေးပြီးရယ် ၁

(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။ တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=

(၂)
ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို မောင်မောင်ပြန်ရောက်လာတယ်။

ဆရာဝန်.... ဘယ်လိုဖြစ်တာလဲ?

မောင်မောင်... ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက် ထသောက်ပြီးတစ်ထောင်အထိ ရေလိုက်ရတယ်။

(၃)
သားသမီးတွေက အမေများနေ့ကိုပဲ အမှတ်ရကြပြီး အဖေများနေ့ကို မေ့နေကြလို့ ဖခင်တစ်ဦးကစိတ်ပျက်အားငယ်နေမိတယ်။ တစ်ခါက ၈ ရက် ၈ လ အဖေများနေ့မှာ ဖခင်က အိမ်သားတွေနဲ့ ညနေစာအတူစားနေတယ်။ အဲဒီအချိန်မှာ သားငယ်က ရုတ်တရက်ထပြီး ရေခဲသေတ္တာကို သွားဖွင့်တယ်။ ရေခဲသေတ္တာထဲ တစ်ခုခုယူဟန်နဲ့ အဖေကို လှမ်းမေးလိုက်တယ်။

သား။ ဖေဖေ .. ဒီနေ့ ဘာနေ့လဲ သိလား?

ဖခင်ရင်ထဲ ထိတ်ခနဲ့ဝမ်းသာသွားတယ်။ အဖေများနေ့မှာ သူ့ကိုတစ်ခုခု အံ့သြအောင် သားလုပ်တော့မယ်အထင်နဲ့ အားရဝမ်းသာ.. "ဒီနေ့ ၈ ရက် ၈ လလေ" လို့ ပြန်ပြောလိုက်တယ်။

သားဆီက စိတ်ပျက်လက်ပျက် ပြန်ကြားလိုက်ရတဲ့ အသံက "ဟာကွာ.... ဒီနွားနို့ ဒိတ်လွန်သွားပြီ" ဟူတည်း။

forward mail ကဟာသလေးတွေပါ...
တချက်ပြုံးရင် တရက်အသက်ရှည်တယ်တဲ့ ကြားဖူးတာပဲ...
သူငယ်ချင်းများဖတ်ပြီး ပျော်ရွင်နိုင်ပါစေ...

No comments:

Post a Comment