ငွေစက္ကူ အဟောင်းအနွမ်းများတွင် လူကို သေစေနိုင်လောက်သော ရောဂါများဖြစ်သည့် တီဘီရောဂါကဲ့သို့သော ရောဂါပိုးမွှားများ ပါဝင်သည်ကို တွေ.ရှိရကြောင်း အိန္ဒိယနိုင်ငံ တက္ကသိုလ်တစ်ခုမှ စူးစမ်းရှာဖွေလေ့လာသူ သုတေသီပညာရှင်များက တွေ.ရှိခဲ့ကြောင်း သိရှိရသည့် သတင်းလေးတစ်ခု ပြန်တင်ပြချင်ပါတယ်....
သူတို့ရဲ့ ရှာဖွေလေ့လာ တွေ့ရှိချက်အရ ဟောင်းနွမ်းနေတဲ့ ငွေစက္ကူများဟာ ကိုင်တွယ်သုံးစွဲနေတဲ့ လူတွေကို ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားများ ဖြစ်တည် ပွားများဖို့အတွက် အခြေအနေကောင်း တစ်ခုဖြစ်ပါတယ်။ အဲဒီပိုးမွှားတွေကြောင့် ဖြစ်နိုင်တဲ့ရောဂါ တွေကတော့ တီဘီရောဂါ၊ အစာခြေလမ်းကြောင်းနာ၊ နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်အအေးမိရောဂါ၊ အစာအိမ်ယောင်ရောဂါ စတဲ့လူကို သေစေနိုင်လောက်တဲ့ ရောဂါများ ဖြစ်ပါတယ်။
ငွေစက္ကူတွေ ဆုတ်ပြဲတာ၊ ဒါမှမဟုတ် ဟောင်းနွမ်း၊ လုံးကြေနေတာတွေဟာ ငွေစက္ကူမှာပါတဲ့ ဆယ်လူလွိုက်လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးကို ဖေါ်ပြပြီး ဘက်တီးရီးယား ရောဂါပိုးမွှားတွေကို လက်ခံ သယ်ဆောင်စေနိုင်တယ်လို့ သုတေသီပညာရှင်က ဆိုပါတယ်...
အခြေအနေကတော့ အတော့်ကို ဆိုးရွားပါတယ်၊ အထူးသဖြင့် လူတွေ အများဆုံး သုံးနေကြတဲ့ တန်ဖိုးနည်း ငွေစက္ကူတွေမှာ ပိုမိုရောဂါပိုးတွေ တွေ.ရပါတယ်လို့လည်း အဲဒီပညာရှင်က ဆက်ပြောပါတယ်။ ငွေစက္ကူအကြွေတွေ ရှားပါးလာလို့ အဲဒီငွေစက္ကူတွေ ပိုမို ဆုတ်ပြဲဟောင်းနွမ်း လာရတာဖြစ်ပြီး အနားတွေဖွာလာတာတို့ ဆုတ်ပြဲလို့ တိပ်နဲ့ ကပ်ထားတာတို့ကလည်း ရောဂါပိုးမွှားတွေကို ပွားများစေဖို့ ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကုန်စိမ်းဈေးနဲ့ သားငါးဈေးတွေမှာ တွေ.ရတဲ့ ငွေစက္ကူတွေမှာ အထက်ပါ ရောဂါပိုးမွှားတွေကို ပိုပြီးတွေ့ရတယ်လို့ ဆိုပါတယ်။ လူအများ ပြုလုပ်နေကျဖြစ်တဲ့ လက်ကို တံတွေးဆွတ်ပြီး ငွေစက္ကူတွေကို ရေတွက်တာကလည်း ရောဂါပိုးတွေ ကူးစေဖို့ အကြောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် ရေတွက်တဲ့ သူတွေကိုလည်း ကူးစက်နိုင်တာ ဖြစ်ပါတယ်။
ဓါတ်ခွဲခန်းမှာ စမ်းသတ်ခဲ့တဲ့ ငွေစက္ကူ အဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇၀ရဲ့ ၈၀ရာခိုင်နှုံးကျော်မှာ တီဘီရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေ တွေ.ရပြီး ၆၅ရာခိုင်နှုံးကတော့ အဆုတ်အအေးမိရောဂါ၊ လည်ချောင်းယောင်ရောဂါနဲ့ အစာအိမ်ရောဂါတို့ ဖြစ်ပွားစေတဲ့ ပိုးမွှားတွေ တွေ.ရပါတယ်တဲ့...
တန်ဖိုးနည်း ငွေစက္ကူရွက်တွေမှာ ပိုးမွှားတွေ ပါတယ်ဆိုလို့ တန်ဖိုးကြီးတဲ့ ငွေစက္ကူတွေမှာတော့ မပါနိုင်ဘူးလို့ မဆိုလိုပါဘူးလို့လည်း ပညာရှင်တွေက ဆိုပါတယ်။ သူတို့က ငွေစက္ကူ အဟောင်းအနွမ်းတွေကို အချိန်ကြာမြင့်စွာ မကိုင်တွယ်ထားသင့်ပါဘူး၊ ပြီးတော့ လက်မှာ ပြည်တည်နေတဲ့အနာ၊ ဒဏ်ရာရှိတဲ့ သူတွေအနေနဲ့လည်း ငွေစက္ကူတွေကို မကိုင်တွယ်သင့် ပါဘူးလို့ အကြံပြုခဲ့ ကြပါတယ်။
မြန်မာပြည်သူပြည်သားများဘေးအန္တရယ်ကင်းဝေးကြပါစေလို့ ဆန္ဒ္ဒပြုရင်း။

No comments:
Post a Comment