ရဟန်းနှစ်ပါးဟာ နှစ်ခုစလုံးဟာ မြတ်သော အမူချည်းဖြစ်နေ၍၊ တစ်ယောက်အယူကို တစ်ယောက် ပြန်လည် မချေပ နိုင်ကြပဲ၊ စုတိသောအခါ၊ နှစ်ယောက်စလုံး နတ်ပြည်မှာ ဖြစ်ကြ၍၊ လှူတန်းခြင်းကို ပြုလုပ်ခဲ့တဲ့ ရဟန်းဟာ၊ မလှူတန်းခဲ့တဲ့ ရဟန်းထက် ပိုပြီး အဆောင်အရောင် အခြွေအရံ ပိုများတဲ့ နတ်သား ဖြစ်ခဲ့ပါတယ်။
နတ်ပြည်မှ စုတေတော့ လှူတန်းမူကို ပြုခဲ့တဲ့ ရဟန်းဟာ မင်းရဲ့ သားတော်ဖြစ်ပြီး၊ လှူတန်းမူ မပြုခဲ့တဲ့ ရဟန်းကတော့ မင်းအစေခံရဲ့သား ဖြစ်ကြပြီး၊ တခန်းထဲ အတူတူ အိပ်စက်စေခြင်း ခံရချိန်မှာ.. မင်းရဲ့ သားတော်က ထီးဖြူအောက်မှာ လဲလျောင်းနေရာကနေ.."သူငယ်ချင်း မင်းရဟန်းဘ၀က... ငါပြောတာ နားမထော င် ခဲ့လို့ခုတော့ ထီးဖြူအောက် မနေရတော့ဘူး"လို့ ပြောပါတယ်။ အဲဒီမှာ "အမယ်...မင်းပြောတဲ့ ထီးဖြူဆိုတာလည်း ဓာတ်ကြီးလေးပါး ပါပဲကွာ" လို့ ပြန်ပြောပါတယ်။ အဲဒီလို မွေးကင်းစ ကလေးနှစ်ယောက် အပြန်အလှန် ပြောနေကြတာကို ဘုရင့် သမီး အမတော်က ကြားတော့ "ဘုရား..ဘုရား ကလေးနှစ်ယောက် ခုမှမွေးကင်းစ ရှိသေးတယ်။ ဓာတ်တွေ ဘာတွေ ပြောနြေ ကပါလား။ သူများကြားသွားမှ ရူးနေကြတယ် ထင်ဦးမယ်။ မဖြစ်ချေဘူး" ဆိုပြီး၊ အဲဒီအကြောင်းကို မြတ်စွာဘုရားစီ သွားလျှောက်ထားေ တာ့မှ... ဗုဒ္ဓက အတိတ်ဇာတ်ကြောင်း နဲ့ တကွ လှူတန်းခြင်းရဲ့ အကျိုးများကို ခုလို ဟောပြောတော် မူခဲ့ပါတယ်...
လှူတန်းခြင်း၏ အကျိုးများ
- ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊
-သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ ဂုဏ်သတင်း ကျော်ကြာြး ခင်း၊ ပရိသတ်အလယ်၌ ရဲရင့်ခြင်း၊
-သေလွန်သော အခါ၌ သုဂတိသို့ ရောက်ရှိခြင်း
-ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသော အကျိုးကျေးဇူးများ ခံစားရ၏။
လှူတန်းခြင်း (၃)မျိုး
-မိမိ၏ ပိုင်ဆိုင်သော ပစ္စည်းဒါန၊
-မိမိတတ်ထားသော လောကီအတတ်ပညာကို သင်ကြား ပေးလှူခြင်းဒါန၊
-မိမိသိထားသော လောကုတ္တရာဆိုင်ရာ ဓမ္မအသိကို ပေးလှူခြင်းဒါန၊
ဗုဒ္ဓအလိုကျ ဒါနပြုနည်း....
၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာ လှူခြင်း၊
၂။အလှူခံပုဂ္ဂိုလ်အား ရိုရိုသေေ သလှူခြင်း၊
၃။အလှူခံပုဂ္ဂိုလ်၏ လိုအပ်မှုကို လှူခြင်း၊
၎။လှူပြီး ၀တ္ထုကို မနှမျှောခြင်း၊
၅။မိမိအလှူကြောင့် အခြားသူတို့အား မထိခိုက်ခြင်း။
လှူတန်းပုံ (၈) မျိုး
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၎။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ (မစားရသူ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကို ပေးလှူသည်ရှိသော် ကောင်းသော ကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။
ကာလဒါန ( ၅ ) ပါး
၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊
၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊
၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိုလှူခြင်း၊
၎။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊
၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီးဦးတို့ကို လှူဒါန်းခြင်း။
အလှူခံပုဂ္ဂိုလ် (၁၄)ဦး
(၁)တိရစ္ဆာန်
(၂)သီလမရှိသော ပုဂ္ဂိုလ်
(၃)သီလရှိသော ပုဂ္ဂိုလ်
(၄)ဈာန်ရ ပုဂ္ဂိုလ်
(၅)သောတပတ္တိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၆)သောတပတ္တိဖလဠာန် ပုဂ္ဂိုလ်
(၇)သကဒါဂါမိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၈)သကဒါဂါမိဖလဠာန် ပုဂ္ဂိုလ်
(၉)အနာဂါမိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၁၀)အနာဂါမိဖလဠာန် ပုဂ္ဂိုလ်
(၁၁)အရမာတ္တမဂ္ဂဠာန် ပုဂ္ဂိုလ်
(၁၂)အရမာတ္တဖလဠာန် ပုဂ္ဂိုလ်
(၁၃)ပစ္စေက ဗုဒ္ဓါ
(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။
အကျိုးကြီးသော ဒါနဖြစ်ရန် - အလှုရှင်ဘက်မှ ရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာ ကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရြှိ ခင်း
အလှူခံဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၂) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၃) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း
အပြည့်အစုံအားဖြင့်-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။
- ယခုဘ၀၌ ပင် လူအများ၏ ချစ်ခင်မြတ်နိုးမူကို ခံရခြင်း၊
-သူတော်ကောင်းတို့၏ ချီးမြှောက်မူကို ရရှိခြင်း၊ ဂုဏ်သတင်း ကျော်ကြာြး
-သေလွန်သော အခါ၌ သုဂတိသို့ ရောက်ရှိခြင်း
-ဖြစ်လေရာဘ၀တိုင်းတွင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အခြံအရံပေါများခြင်း စသော အကျိုးကျေးဇူးများ ခံစားရ၏။
လှူတန်းခြင်း (၃)မျိုး
-မိမိ၏ ပိုင်ဆိုင်သော ပစ္စည်းဒါန၊
-မိမိတတ်ထားသော လောကီအတတ်ပညာကို
-မိမိသိထားသော လောကုတ္တရာဆိုင်ရာ
ဗုဒ္ဓအလိုကျ ဒါနပြုနည်း....
၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာ လှူခြင်း၊
၂။အလှူခံပုဂ္ဂိုလ်အား ရိုရိုသေေ
၃။အလှူခံပုဂ္ဂိုလ်၏ လိုအပ်မှုကို လှ
၎။လှူပြီး ၀တ္ထုကို မနှမျှောခြင်း၊
၅။မိမိအလှူကြောင့် အခြားသူတို့အာ
လှူတန်းပုံ (၈) မျိုး
၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊
၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူးသောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၎။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊
၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုံးသွင်း၍ ပေးလှူခြင်း၊
၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ (မစားရသူ) အားမပေးပဲ မနေထိုက်ဟု ပေးလှူခြင်း ၊
၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကို ပေးလှူသည်ရှိသော် ကောင်းသော ကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုံးသွင်း၍ ပေးလှူခြင်း၊
၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။
ကာလဒါန ( ၅ ) ပါး
၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊
၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊
၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိုလှူခြင်း၊
၎။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊
၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီးဦးတို့ကို လှူဒါန်းခြင်း။
အလှူခံပုဂ္ဂိုလ် (၁၄)ဦး
(၁)တိရစ္ဆာန်
(၂)သီလမရှိသော ပုဂ္ဂိုလ်
(၃)သီလရှိသော ပုဂ္ဂိုလ်
(၄)ဈာန်ရ ပုဂ္ဂိုလ်
(၅)သောတပတ္တိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၆)သောတပတ္တိဖလဠာန် ပုဂ္ဂိုလ်
(၇)သကဒါဂါမိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၈)သကဒါဂါမိဖလဠာန် ပုဂ္ဂိုလ်
(၉)အနာဂါမိမဂ္ဂဠာန် ပုဂ္ဂိုလ်
(၁၀)အနာဂါမိဖလဠာန် ပုဂ္ဂိုလ်
(၁၁)အရမာတ္တမဂ္ဂဠာန် ပုဂ္ဂိုလ်
(၁၂)အရမာတ္တဖလဠာန် ပုဂ္ဂိုလ်
(၁၃)ပစ္စေက ဗုဒ္ဓါ
(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။
အကျိုးကြီးသော ဒါနဖြစ်ရန် - အလှုရှင်ဘက်မှ ရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) မလှုမီ ရှေ့အဖို့က ကြိုတင်ဝမ်းမြောက်ခြင်း၊
(၂) လှုဆဲအခါမှာ စိတ်စေတနာ ကောင်းစွာ ကြည်လင်ခြင်း၊
(၃) လှုဒါန်းပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရြှိ
အလှူခံဘက်မှရှိရမည့် အင်္ဂါရပ်(၃)ရပ်
(၁) ရာဂကင်းပြီးသူ (သို့မဟုတ်) ရာဂကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၂) ဒေါသကင်းပြီးသူ (သို့မဟုတ်) ဒေါသကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း၊
(၃) မောဟကင်းပြီးသူ (သို့မဟုတ်) မောဟကင်းရန် ကျင့်ကြံအားထုတ်နေသူ ဖြစ်ခြင်း
အပြည့်အစုံအားဖြင့်-
(၁) အလှုဒါယကာ သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၂) အလှုခံပုဂ္ဂိုလ်ကလည်း သီလရှိ၍ ကောင်းသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသူဖြစ်ခြင်း၊
(၃) လှုဖွယ်ဝတ္ထုကလည်း တရားသဖြင့် ရှာမှီး၍ ရအပ်သည့် ဓမ္မိယလဒ္ဓပစ္စည်း ဖြစ်ခြင်း၊
(၄) ပေးလှုသူသည် စေတနာသုံးတန် ထက်သန်ခြင်း၊
(၅) ကံ, ကံ၏အကျိုးကို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။
No comments:
Post a Comment