*** ဒီပို့စ်လေးက ကျွန်မရဲ့ forward mail ကရတဲ့ mail လေးတစ်ပုဒ်ပါ... သူငယ်ချင်းတို့ကို ပြန်ပြီးမျှဝေပေးလိုက်ပါတယ်နော်... ***
ကျွန်တော် တို့ တက်နေတဲ့ကျောင်းမှာ လက်တွေ့ သင်ခန်းစာအနေနဲ့ ဟိုတယ်တွေမှာ training ဆင်း ရတယ်။ Kitchen ကို ရောက်တော့ ကြက်ဥ ကို Egg's cup လို့ခေါ်တဲ့ ကြက်ဥခွက်လေးနဲ့ ထောင်ထည့်ပြီး စမတ်ကျကျ ဧည့် ခံဖို့ ပြင်ဆင်ကြရပါတယ်။
အဖိုးကိုပြောပြတော့ အဖိုးက ရယ်တယ်လေ ….
ပြီးတော့ ………………
ကျွန်တော့်  အဖိုးက ပြောတယ်
မင်း ကြက်ဥကို ဒီအတိုင်း ဘာအကူအညီမှမပါပဲ ထောင်လို့ ရနိင်မလား ?
ဒီအဖြေကို ကျွန်တော် စဉ်းစားရပါတော့တယ် ……
မရပါဘူး အဖိုး…..
မင်းကြိုးစားပြီးပြီလား..
လုပ်ကြည့် ပြီးပြီလား …
မလုပ်ကြည့်ရသေးပဲ မရဘူးလို့မပြောပါနဲ့ ……
ဒါနဲ့ပဲ ကျွန်တော် ကြိုး စားကြည့် ပါတယ်...
ဘယ်လို့ပဲထောင်ထောင်မရပါဘူး …
တစ်မနက်လုံး ထောင်နေတာပဲ ဘယ်လိုမှမရပါဘူး …..
" ဘယ်လိုလုပ်လို့ ရမှာလဲ... အောက်ခြေက လုံးနေတဲ့ဟာကြီးကို" လို့ဆင်ခြေတက်ရင်း အဖိုးကို ပြန်ပြော လိုက်မိပါတယ် …..
အဖိုးက ကျွန်တော့်မျက်နှာကို သေချာကြည့်ပြီး ကျွန်တော့် ဆီကကြက်ဥကို ယူလိုက်ပါတော့တယ်.. ပြီးတော့ အဲဒီကြက်ဥကို ယူပြီး စားပွဲပေါ်ကို ခပ်ပြင်းပြင်းလေး ဆောင့်ချလိုက်တဲ့အခါ … ကြက်ဥရဲ့ အောက်ခြေက နည်းနည်းလေး ကြေမွသွားပြီး ကြက်ဥက စားပွဲပေါ်မှာ ထောင်သွားပါတော့တယ်...
ပြီးတာနဲ့ အဖိုးကပြောတယ်...
ဒါလေးများ ငါလည်း လုပ်တတ်တာပေါ့လို့ မင်းတွေးနေလား …
ငါလုပ်မပြခင်က မင်းဒါကို မတွေးမိဘူးမဟုတ်လား...
လူတွေအားလုံးက ဒီအတိုင်းပဲကွ ကိုယ်ဘက်ကလုံးဝအနာမခံချင်ကြဘူး
လိုချင်တာအားလုံးကို ကိုယ့်ဘက်ကအနာမခံပဲ ၁၀၀% လိုချင်ကြတယ်...
ဆုံးရှုံး မှုကို အောင်မြင်ခြင်းရဲ့ အခြေခံအစိတ်အပိုင်းတစ်ခုအဖြစ် မြင်ရမယ်ကွ
ကိုယ်ဘာသာကိုယ် တစ်ယောက်တည်း ရပ်တည်ချင်တဲ့လူဟာ…. နည်းနည်းတော့ အနာခံရတယ်…. အဲဒီအနာခံရတဲ့အပိုင်းမှာ မင်းရဲ့ ကိုယ်ရေးကိုယ်တာ၊ နှလုံးသားရေးရာတွေနဲ့ တစ်ခြားအရာတွေပါနိင်ပါတယ်... တစ်ခါတစ်လေမင်းရဲ့ ဂုဏ်သိက္ခာဆိုတဲ့ အရာတွေလည်းပါမယ်... ဒါမှသာ မင်းဘာသာမင်း တစ်ယောက်တည်းရပ်တည်နေနိုင်မှာပါ
ဒါကြောင့် ဘ၀မှာ ကိုယ်ဒူးကိုယ်ချွန်အောင်မြင်ချင်တဲ့လူဟာ အစပိုင်းမှာ အနစ်နာခံနိင်ဖို့လိုပါတယ် ….
ပြီးတော့.. မလုပ်ရသေးပဲ မဖြစ်နိင်ဘူးလို့ မပြောပါနဲ့....့ အလွယ်တကူလက်မလျှော့ပါနဲ့... ကိစ္စတိုင်းမှာ သူ့အဖြေနဲ့သူရှိပါတယ်... ပုံမှန် သမားရိုးကျတွေးလို့မရတဲ့ ကိစ္စတွေမှာ ပုံမှန် ထဲကဖေါက်ထွက်ပြီး တွေးကြည့်ဖို့လိုတယ် ဆိုတာလေးတော့ပြောပါရစေ ... ထပ်ပြီး မှာပါရစေ .......
1. ဘာကိုပဲ ဖြစ်ဖြစ် အလွယ်တကူ အလျော့မပေးပါနဲ့
2. မလုပ်ကြည့်ရသေးပဲ မရဘူးမပြောပါနဲ့
3. အောင်မြင်မှုရဲ့ အခြေခံမှာ ဆုံးရှုံးမှုနဲ့ အနစ်နာခံမှုတွေပါ ပါတယ်ဆိုတာ မမေ့ပါနဲ့
သူငယ်ချင်းများအားလုံး အောင်မြင်ပျော်ရွှင်တဲ့ဘ၀တွေကိုပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းပေးရင်း...
PS: ဒီနေ့တော့ ဘာချက်ရမှန်းမသိတာနဲ့ ထုံးစံအတိုင်း "ကြက်ဥ" ပဲကြော်လိုက်တယ်.. :P

No comments:
Post a Comment