ရှေးတုန်းက တကျွန်းကို ပို့ခံရတယ်ဆိုတာ တော်တော်ဆိုးတဲ့ နိုင်ငံရေးသမား (သို့) နှစ်ကြီး ပြစ်ဒဏ်ကျခံရတဲ့ ထောင်သားတွေသာ တကျွန်းကို ပို့ခံရတာပါ။ တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား အ၀တ်အထည်ဆိုလဲရှား သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ ထောင်ဝင်စာ သွားတွေ့နိုင်တာပါ ဒါကြောင့် အချို့ နှစ်ကြီးသမားတွေရဲ့ မိန်းမတွေဟာ တကျွန်းကို လိုက်နေ ကြုံရာအလုပ်လုပ် မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့.... တကျွန်းပြန်ဟေ့ ဆိုရင် ရွာမှာ အတော် ကြောက်ကြသတဲ့ ငိုနေတဲ့ ကလေးတောင် ချက်ချင်းတိတ်သတဲ့... ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်... တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ် တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီး ပေးပြီးမှရပါတယ်.. အဝတ်အထည်ဈေးဆိုတာ မေးမနေနဲ့ သွားသာကြည့် ကြည့်ယုံကြည့်လို့ ပြောတာနော် ယောင်ပြီး ဝယ်ချင်လို့ကတော့ ကုန်ပြီဆရာဘဲ.. တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လား? နှစ်ကြီး ကျတာလား နှစ်နည်းနည်းကျတာလား ? IC ပြလေ သြ ထောင်ဒဏ် ငါးနှစ် ဒါဆို မိသားစု လိုက်နေလို့ ရတယ်.. ဒါကို PR ကျတယ်လို့ခေါ်တယ်.. အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆိုတာ တော်ရုံနဲ့မရဘူး တော်တော်အပြစ်ကြီးလို့ မိသားစု လိုက်နေလို့ ရတယ် ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ တဘဝလုံး ရုန်းပေတော့... ဟင်ဒီတယောက်က ထောင်ဒဏ်နှစ်နှစ် ဆိုပေမယ့် တမိသားစုလုံးကို support လုပ်နိုင်တယ် ဟုတ်လား သြ အလုပ်ချိန် long hour လုပ်ပြီး လစာ တမိသားစုလုံး လောက်တယ်ပေါ့ အေးအေး ဒါကို EP ပြစ်မှု လို့ခေါ်တယ်... ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး... ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့စဉ်းစားရင်တောင် ဘာမှ စုဆောင်းမိမှာမဟုတ် မိသားစု ခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။ ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ် စုနိုင်ရင်လို့ ပြောတာနော် ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။ သက်တမ်းတွေက ၂နှစ်တခါတိုးတာလေ အလုပ်ပြောင်းရင် အစက ပြန်လျှောက်ေ ပါ့ ဒါကဒီကျွန်းရဲ့ စည်းကမ်း။ ဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်... အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ... အကြောင်းကြောင်းကြောင့် ပြန်ရမယ်ဆို အချို့တွေ ကစိတ်မကောင်းဖြစ် အချို့ကတော့အနိုင်နဲ့ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်... ပြစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ မိတ်ဆွေ အတိတ်ဘဝက သင့်ရဲ့ အပြစ်တွေ ကြေအောင်
မြန်မြန်ဆပ်ကြရအောင်...
ကဲ ဒီကျွန်းမှာ နှစ်ကြီး ကျတာလား နှစ်နည်းနည်းကျတာလား ? IC ပြလေ
*** ဘာပြောရမလဲကို မသိတော့ဘူး.. :(
*** ဘာပြောရမလဲကို မသိတော့ဘူး.. :(
No comments:
Post a Comment