စိုင်းစိုင်းခမ်းလှိုင်-ဒါအချစ်တဲ့လား
နောက်တစ်ရွက်နဲ့ခိုးတယ်ဆို ဆရာမက ငါကို အထင်လွဲ
ခိုးတယ်လို့ နာမည်ကြီးတော့ ရှင်းပြဖို့ကခက်နေလဲ
စာရွက်က သက်သေပဲ မိတ္တူဆိုင်မှာ copy ချ
လိုရင်းက ဘာလဲဘာလဲ
၁၀ တန်းဆိုတာ ထပ်ကျသွား ... ။
၁၀တန်းဖြေမဲ့ညတွေဆို ကိုယ်အိမ်ကိုတောင်မပြန်ခြင်ခဲ့
မိတ္တူဆိုင်မှာကျောခင်းရင်းနဲ့ ဒီလိုနဲမိုးတောင်လင်းပေါ့
မိတ္တူဖိုးက ရက်ရက်စက်စက် အကြွေးတွေတင်တော့
ကုန်လုအောင်ပြုတ်တာများ မိတ္တူဖိုးနဲ့ ကြွေးနာကျပေါ့
ဒါအကြွေးတဲ့လား ... အိမ်ဂရမ်ပေါင်ပြီးဆပ်ပါပြီ
မင်းကျေနပ်ပါတော့
ကိုယ် အချုပ်ထဲရောက်နေပြီ...
နားနား နား န နန နား
ဇော်ပိုင်ရဲ့ နေခြည်ကိုပြန်ဖျက်ထားတာ
ကားဂိတ်ကိုပြန်လှည့်တော့အမေကြည်
အသက်ကြီးမှအရူးမထချင်နဲ့တော့........
ရွှေပြည်သာကိုပြန်ပါအမေကြည်..
တောင်ဒဂုံမှာကိုယ်တစ်ယောက်ထဲဆွေးပြီ
အိမ်က ကလေးတွေကို
နင်တစ်ယောက်ထဲ ထိန်းတော့အမေကြည်...
မျက်နှာ
ဟိုတစ်ခါ အကြွေးတောင်းတုန်းက မင်းရဲ့မျက်နှာ
ငါပြန်ဆပ်လိုက်လို့ ပြုံးသွားတဲ့အခါ
လေပြည်တွေလို ကြည်နှုးသွား ...
ငွေတိုးချေးစားတဲ့ မင်းရဲ့ မျက်နှာ
ဒီတစ်ခါ အတိုးမရတော့ မင်းရဲ့မျက်နှာ
သေကောင်ပေါင်းလဲရုပ်နဲ့ ရှုံ့တွ တဲ့အခါ
ငါ ရွံတယ် တကယ် မခေါ်ဘူး သွား
အတိုးသိပ်မက်တဲ့ မင်းရဲ့ .. မျက် .. နှာ ...
Rဇာနည် ရဲ့ မုန်းပြီလား မေ့ပြီလား သီချင်းကိုဖျက်ထားတာကြားဘူးတယ်...
မုန့် တီလား မြီးရှည်လား ကိုယ့်ကိုတစ်ပွဲလောက်ပြင်ပေးပါ..
ငရုတ်သီးများများ နံနံမထည့်ဖို့ တောင်းဆိုချင်တာ.....
စိုင်းစိုင်းခမ်းလှိုင်ရဲ့သီချင်းတပုဒ်ပါ
သူငယ်ချင်းတွေဆိုတာမှတ်မိသလောက်ပြန်ရေးတာပါ
၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့ကအပူးမထွက်ပါ……….
ဒီဇင်ဘာ၈ရက်နှလုံသားကိုဓာတ်လိုက်ပြီ တလုံးပဲလွဲသွားတယ်……………
ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်လေးထွက်သွားတယ် အို....အို....အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့
ပြန်ပေါက်လိုက်ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်……………….
…………………………………………………………..
(ကျွန်တော့်ကိုသနားလို့တဲ့....သူတောင်းစားကငွေနှစ်ဆယ်ပေးသွားတယ်
အရှက်ကိုကွဲရော)
R ဇာနည် သီချင်း
ညနေခင်းရဲ့ လေပြည်ထဲမှာ
မင်းထမိန်တွေ ၀ရန်တာမှာ လှမ်းတဲ့အခါ
ချိတ်နဲ့ မချိတ်တော့ သိပ်ဆိုးတာ
လမ်းပေါ်ကို အကုန်လွင့်ကျလာ
ဘာဘူကြီးတောင် ငိုနေပြီကွာ
မင်းထမိန်လေးဟာ သူ့ရဲ့ခေါင်းပေါ်မှာ
ဟိုဟိုဒီဒီ သွားဖို့လာဖို့ သိန်းခြောက်ထောင်တန် ဇွန်ဒါရှိတယ်။
လိုချင်တာတွေကြိုက်သလောက်ဝယ်ဝယ်စမ်း ရှင်းပေးနိုင်တဲ့ အစွမ်းအစရှိတယ်။
ညဘက်ရောက်တိုင်း အလွမ်းသယ်နိုင်ဖို့ ဖုန်းလဲရှိပါတယ်။
ဖြစ်ချင်တာတွေပြောလိုက်အကုန်လုံး ရဖို့တာဝန်ယူတယ်။
အိမ်ကမေးရင်ပြန်သာပြောလိုက် လက်ရှိငါက ဆရာဝန်လောင်းပါ။
ထွေလီပွေလီ မိန်းမကိစ္စ နံမယ်ပျက်နဲ့ အရှုပ်အရှင်းကင်းတယ်။
အသောက်အစားဆိုလဲ ဝေရာမဏိပါ ဝေးဝေးက ရှောင်တယ်။
ဘာသာတရားကိုင်းရှိုင်းပြီး လူချစ်လူခင်ပေါများသူ..
မင်္ဂလာဆောင်ပြီးရင် လုပ်ကိုင်စားဖို့ ကန်ပနီကြီးတခု ထောင်ပေးမဲ့အပြင်
စိန်တဆင်စာနဲ့ ကွန်ဒိုတိုက်ခန်းလက်ဖွဲ့မယ်လို့ အမေကပြောတယ်။
ရုပ်ရည်ကတော့ ပျိုတိုင်းကြိုက်နိုင်တယ်။
သည်းညည်းခံပြီး သဘောမနောအလွန်ကောင်း ငါ့လိုနောက်တယောက်မရှိဖူး။
မင်းသိဖို့ ငါ့အကြောင်းများ ဒါအကုန်ပါပဲ။ ဆုံးဖြတ်ဖို့နင်စဉ်းစား
ဒီလိုလူတယောက်ကို..
ပြန်ပြီးတော့ ချစ်နိုင်မလား၊ တသက်လုံးအတွက်ချစ်နိုင်မလား။
တို့များ ငယ်ငယ်တုန်းက ရွာ အ၀င်လမ်းဆီကနေ
လက်ချင်းဆက်ကာ
ပြေးကာ လွှားကာ
ကျောင်းတက်လာကြတာတွေ
မေ့နိုင်ပါရဲ့လား..
မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ
အဲ..ဒီ တွန်တေးသိန်းတံ သီချင်းကို သူငယ်ချင်းတယောက်က English Version လေး
နဲ့ဆို တာကြားဖူးတယ်..ဒီလိုဗျ....
တို့များ baby တုန်းက village အ၀င် road ဆီကနေ
hand ချင်းဆက်ကာ run ကာ run ကာ
school တက်လာကြာတာတွေ
မေ့နိုင်ပါရဲ့လား
မင်းတို့ ငါတို့ baby တုန်းကလေ....
ကောင်းသောနေ့လေးပါနော်...

Friday, November 27, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment